Pages
Friday, May 24, 2019
ရွှေထူးရဲ့သရုပ်ဆောင်မှုကို ရွှေမှုံရတီ ဘယ်လိုအမှတ်ပေးသလဲ
ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာ ရွှေထူးရဲ့သရုပ်ဆောင်မှုအပေါ်မှာ မိန်းမတစ်ယောက်အနေနဲ့ ရာနှုန်းပြည့်အမှတ်ပေးထားတယ်လို့ ရွှေမှုံရတီက ပြောလာပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးသရုပ်ဆောင်ထားတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားနေပေမယ့်လည်း ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် အပါအဝင် ဝါရင့်သရုပ်ဆောင်တွေရဲ့ အကြံပြုချက်တွေနဲ့ အများကြီးကြိုးစားထားတယ်လို့ ရွှေထူးကပြောပါတယ်။ နှစ်ယောက်အတူ ပထမဆုံးတွဲဖက်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေအားပေးစေချင်သလို လူငယ်ကြိုက်မယ့်ဇာတ်ကားတစ်ကားလို့လည်း ရွှေထူးကပြောပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန်မြန်မာညီညီအောင်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment