
“ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆန်ကုန်သည်ကြီးများ အသင်းက တရားဝင် သတ်မှတ်ထားတဲ့ စပါးကြမ်းခင်းဈေး ရှိပါတယ်။ အဲဒီဈေးကိုတောင် မဝယ်ပေးနိုင်ဘူး ပြီးခဲ့တဲ့ မိုးစပါးတုန်းက ငါးဆယ့်ခြောက် ငါးဆယ့်ခုနှစ်လာဝယ်ခဲ့တယ် အဲဒီအချိန် စပါးထိန်းညှိုဈေး ဆိုပြီး ကုန်သည်ကြီးများက သတ်မှတ်တဲ့အတွက် အဲဒီချိန်ကစပြီး စပါးဈေးကကျသွားပြီးတော့ သတ်မှတ်ထားတဲ့ ကြမ်းခင်းဈေးလိုကိုတောင် မဝယ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ တောင်သူတွေဘဝမှာ ဘယ်လိုမှအဆင်မပြေပါဘူး နောက်တစ်ခါက တစ်ဧက ကုန်ကျမှုနဲ့ပြန်ရတာက တစ်ဧကမှာ သုံးသောင်းနှစ်သောင်းပဲမြတ်တယ် ဒါဆို စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းမလဲ ရှင်းရတယ်ဆိုရင်တောင် တခြားလူမှုရေးကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲ ဒါဆိုရင် နိုင်ငံတော်ကပံ့ပိုးထားတဲ့ စိုက်ဘဏ်ချေးငွေ တစ်ဧကတစ်သိန်းခွဲကို ဘယ်လိုဆပ်မလဲ ဒီဈေးနဲ့ဆပ်နိုင်မယ်မထင်ပါဘူး” ဟု ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဝင်းဦးကပြောသည်။ ဆန္ဒထုတ်ဖော်ရာတွင် “နိုင်ငံတော်မှသတ်မှတ်ထားသော ကြမ်းခင်းဈေး(၅) သိန်းအောက် ချဝယ်နေသော ကုန်သည်ကြီးများ အလိုမရှိ” “နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသော စပါးဈေးနှုန်းအားရရှိရေး ဒို့အရေး ” ၊ တောင်သူလယ်သမားများအား ဂုတ်သွေးစုပ်အမြတ်ထုတ်နေသော ကုန်သယ်ကြီးများ၏လုပ်ရပ်များ အလိုမရှိ” ၊ “တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး” စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့လယ်သမားတွေမှာ စပါး ငါးဆယ့်တစ်ပေါင်ကို လေးဆယ့်တစ်နဲ့ ရောင်းချနေရတယ် အဲဒီအတွက်ကြောင့် ကျွန်မတို့မှာ အခက်ခဲအရမ်းတွေ့နေရတယ် လူမှုရေးစီးပွားရေး ပညာရေး အခက်တွေ့နေရတယ် အဲဒါကြောင့် ဆန္ဒထုတ်ဖော်တာပါ သွင်းအားစု ကုန်ဈေးနှုန်းတွေကကြီးတယ် စပါးဈေးက ငါးသိန်းအောက်ကို ချ မဝယ်ပဲ ငါးသိန်းအထက်ကိုဝယ်ဖို့ ပြောချင်တယ် ၊ အထက်လူကြီးတွေသိအောင်လည်း ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်သူ မမာလာအောင်က ပြောသည်။
လက်ရှိကုန်ဈေးနှုန်းများအရ လယ်တစ်ဧက စိုက်ပျိုးစားရိတ်သွင်းအားစု စုစုပေါင်းကုန်ကျငွေ (၃၈၆၀ဝ၀) ကျပ်ကုန်ကျကာ လယ်တစ်ဧက စပါးတင်း(၇၀) နှုန်းထွက်ရှိပါက ရရှိငွေ (၂၉၄၀ဝ၀) ကျပ်သာ ရရှိမည်ဖြစ်ခြင်း ကြောင့် တစ်ဧကလျှင် အရှုံးပြငွေ ၉၂၀ဝ၀ ကျပ် အရှုံးပေါ်နေကြောင်း တောင်သူလယ်သမားများက ပြောဆိုသည်။
No comments:
Post a Comment