အဆိုပါ သီရိလင်္ကာနိုင်ငံ သားကို မေလ ၂၃ရက် ညနေ ၅ နာရီခန့်တွင် ကျောက်တံတား မြို့နယ်ရှိ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆက် လက်ပြောသည်။
သီရိလင်္ကာနိုင်ငံ ကိုဘံဘို မြို့၊ နီဂွမ်ဘိုမြို့နှင့်ဘတ်ကီကာ လေမြို့တို့၌ အသေခံဗုံးခွဲအကြမ်း ဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးရမိ သော တရားခံများနှင့် ဆက်စပ် ပတ်သက်သူဟုဆိုသော အသက် (၃၉) နှစ်အရွယ် ပတ်စ်ပို့နံပါတ် N 5467645 ကိုင်ဆောင်ထား သူ သီရိလင်္ကာနိုင်ငံသား Mr. Abdul Salam Irshadmohmood သည် Jet Star လေ ကြောင်းလိုင်းဖြင့် ရန်ကုန်လေ ဆိပ်သို့ ၂၀၁၈ ဇန်နဝါရီ ၁၆ ရက် ကတည်းက ရောက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန် ပြီး နောက်တစ်ရက်တွင် ဖမ်းဆီးမိ ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံသား တည်း ခိုသွားသည်ဆိုသည့် တည်းခိုခန်း သို့ 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းရာ ဆက် သွယ်မရခဲ့ပေ။
သီရိလင်္ကာနိုင်ငံသားသည် ခရီးသွားဗီဇာဖြင့် ရန်ကုန်လေ ဆိပ်သို့ ရောက်ရှိလာပြီး တစ်နှစ် ကျော်အကြာထိ ပြန်လည်ထွက် ခွာမှုမရှိသေး၍ ဟိုတယ်နှင့်တည်း ခိုရိပ်သာများတွင် တည်းခိုနေထိုင် ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ရန် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၂ ရက်တွင် ဖြန့်ဝေထား သည်။
၎င်းက Jet Star လေကြောင်း လိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်က ရောက်ရှိလာခဲ့ကြောင်း ဟိုတယ် ခရီး၏ ဖြန့်ဝေစာတွင် ပါရှိသည်။ ဧပြီ ၂၁ ရက်က ကိုလံဘိုမြို့ တော်ရှိ ဟိုတယ်များနှင့် သီရိ လင်္ကာရှိဒေသအချို့မှ ခရစ်ယာန် ဘုရားကျောင်းများတွင် အချိန် ပိုင်းမျှသာခြားပြီး ဗုံးများဆင့်ကဲ ပေါက်ကွဲခဲ့သည်။ စနစ်တကျကြို တင်စီမံထားဟန်ရှိသော တိုက် ခိုက်မှုအတွင်း သေဆုံးသူ ၂၉၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ ၅၀၀ ကျော်ရှိခဲ့သည်။
No comments:
Post a Comment