
ယနေ့ ဦးဆောင် ဆန္ဒပြရာတွင် ပါဝင်သည့် ဦးဇော်ဦးက “၂၇ အိမ်က လူတွေရယ် ရပ်ကွက်က ထောက်ခံသူအချို့ရယ် ခေါ်ပြီး ကုမ္ပဏီကားသွားတဲ့ လမ်းကို ပိတ်ပြီး ဆန္ဒပြတာ။ နှစ်လပိုင်းကတည်းက ဒါမျိုးဖြစ်တာကို ဘယ်သူမှ မဖြေရှင်းဘူး။ မြေစာပုံက ရွာပေါ်ကို မိုးနေပြီ။ မိုးကျရင်လည်း အန္တရာယ် ဖြစ်နိုင်တယ်။ ဘယ်သူမှ မဖြေရှင်းပေးလို့ ဒီလိုဆန္ဒပြရတာ။ အိမ်မြေကို ပုံမှန်ဖြစ်အောင် လုပ်ပေး၊ ပြန်ဆောက်ပေးရင် ကျေနပ်ပါတယ်။ အခုလေးတင်ပဲ ကုမ္ပဏီဘက်က ဖြေရှင်းဖို့ ခေါ်လာတယ်။ ကျွန်တော်က ရဲတပ်ဖွဲ့ကခေါ်လို့ ရဲစခန်းမှာ” ဟု ပြောကြားသည်။ မေ ၂၂ ရက်ကလည်း ကျေးရွာအိမ်များ ရွှေ့ပြောင်းခဲ့ရာတွင် လျော်ကြေး၊ နစ်နာကြေး များမပေးသည့် အကြောင်းပြကာ ဖားကန့်မြို့ပေါ်တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။
ဖားကန့်မြို့နယ် NLD ပါတီမှ ဦးရွှေသိန်းက “ဖားကန့်မှာက တချို့ရွာတွေက ပုံမှန်ရွာတွေ မဟုတ်ကြဘူး။ မြေစာပုံမှာ တည်နေတဲ့ရွာတွေ ဖြစ်နေတယ်။ အရင်ကတည်း က မဖြေရှင်းဘဲ လုပ်ခဲ့တော့ အခုပြဿနာတွေ တက်တာပဲ။ အခု လဂူချောင်ပြဿနာကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို သူတို့ လာတုန်းက တင်ပြတာ တွေ့တယ်။ ဒီလိုပြဿနာတွေကို နောင်လည်း ကြုံလာဦးမယ်။ အစိုးရဘက်ကတော့ အမျှော်အမြင် ကြီးကြီးထားပြီး လုပ်ဆောင်သင့်တယ်” ဟု ပြောကြားသည်။
No comments:
Post a Comment