
လက်တွေ့ပိုင်းဟာ အရမ်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆေးကုသရေး၊ ခွဲစိတ်ရေးတွေမှာ ဒီခန္ဓာကိုယ်တွေကိုသာ လက်တွေ့ကျကျ မပြုလုပ်ထားဘူး ဆိုရင် လူနာတွေအတွက် အန္တရာယ်များပါတယ်။ သူတို့အနေနဲ့ လက်တွေ့များများ ပြုလုပ်နိုင်မှသာ သူတို့ရဲ့ လူနာတွေကို အသက်ရှင်ဖို့ ကယ်တင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လှူဒါန်းခြင်း ဆေးပညာသင်ကြားရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်”ဟု မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ရန် တစ်ကိုယ်တော်ကူညီသူ- ဒါးပိန်မြို့မှ ဦးဇေသူကိုကိုက ပြောကြားသည်။
လှူဒါန်းထားသူများမှ သေဆုံးသွားသည့် အခါတွင် ゞင်းတို့၏ ခန္ဓာကိုယ်ကို လာရောက် ပို့ဆောင်ရာတွင် Normal Structure ကို လေ့လာခြင်း ဖြစ်သည့်အတွက် ကင်ဆာရောဂါ ခံစားရ၍ သေဆုံးသူများ၊ ကူးစက်တတ်သည့် ရောဂါများဖြင့် သေဆုံးပါက ယင်းခန္ဓာအား အသုံးမပြုကြောင်း သိရသည်။ မွေးနေ့များ၊ ကုသိုလ်ဒါန ပြုကြသည့် နေ့များတွင် ယင်းကဲ့သို့ ခန္ဓာကိုယ်လှူသူ များပြားပြီး တစ်နေ့လျှင် အယောက် ၃၀ မှ ၄၀ ခန့် ရှိကြောင်း သိရသည်။
“လှူဒါန်းချင်သူတွေ အနေနဲ့လည်း လှူလို့ရအောင် လစဉ် ၂၁ ရက်နေ့တိုင်း ဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော် လုပ်ဆောင်သွားမယ်။ နောက်လမှာလည်း ဒီဆေးတက္ကသိုလ်မှာ လုပ်ဖြစ်ဖို့ များတယ်”ဟု ဦးဇေသူကိုကိုက ပြောကြားသည်။
လှူဒါန်းသည့်အခါတွင် အသက် (၁၈နှစ်) ပြည့်ပြီးသူများ အနေဖြင့် ကိုယ်တိုင်လာရောက် လှူဒါန်းနိုင်ကြောင်း ယင်းကဲ့သို့ လေ့ကျင့်သင်ကြားခြင်းကို ၁၆ ရာစုနှစ်ကတည်း က ကျင့်သုံးလာခဲ့ကြောင်း သိရသည်။
လှူဒါန်းပြီး အသုံးပြု၍ရသည့် ခန္ဓာကိုယ် လှူဒါန်းထားသူများကို အသံတိတ်ဆရာ၊ ဝိညာဉ်မဲ့ ဆရာများအဖြစ် တင်စားပြီး ပူဇော်ပွဲများ ကျင်းပပြုလုပ်ပေးကြောင်းလည်း ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ကျောင်းသူ၊ ကျောင်းသားများထံမှ သိရသည်။ “ဒီလိုမျိုး စာသင်ကြားတဲ့ နေရာမှာ ဆရာဆိုတာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆိုတာ ရှိတယ်။ အကုန်လုံးက ဆရာတွေပါ။ ဆရာမ တို့ကတော့ သင်တဲ့ ဆရာတွေပေါ့။ ဒီသင်တဲ့ ဆရာတွေကို ကျောင်းသူ၊ ကျောင်းသားတွေက ဂါရဝပြုကြတယ်။ လေးစားကြတယ်။ တင်စားကြတယ်။ မြတ်သောဆရာ သီချင်းတွေနဲ့ ဂုဏ်ပြုကြတယ်။ မေ့နေတာက ဒီ အသံတိတ် ဆရာတွေပေါ့။ သူတို့ ခန္ဓာကိုယ်ကို လိုသလို သုံးပါ။ သူတို့ ခန္ဓာကိုယ်ကနေ ပညာတွေယူပါ။ ပညာတွေ ပေးနေတာ။ သူတို့က ခန္ဓာကိုယ်ကို ရင်းပြီးတော့ ပညာပေးတဲ့ ဆရာပါ။ သူတို့ကို ဆရာမတို့က တင်စားပြီး အသံတိတ်ဆရာ၊ ဝိညာဉ်မဲ့ ဆရာပေါ့။ ဝိညာဉ်မဲ့ ဆရာနေရာမှာတောင် ဝိညာဉ်မဲ့ မြတ်ဆရာလို့ သုံးထားပြီး ပူဇော်တာ ဖြစ်တယ်”ဟု ရန်ကုန်ဆေးတက္ကသိုလ်(၂) ခန္ဓာဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာညိုညိုမြင့်က ပြောကြားသည်။
No comments:
Post a Comment