
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ ပြိုကျပျက်စီးနေတဲ့ စေတီတော်အတွင်းမှ သက်တမ်း နှစ် ၇၀ ရှိ အရွယ်အစားမျိုးစုံ ငွေ/ကြေး ဆင်းတုတော် ၉၄ ဆူ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇီးကုန်းကျေးရွာ လယ်ပြင်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဆောင်တဲ့ ကျေးရွာသူ/သားတွေဟာ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက အဆိုပါဘုန်းကြီးကျောင်းအတွင်း ပြိုကျပျက်စီးနေတဲ့ စေတီတော်အဟောင်းမှ အုတ်တွေကို စေတီတော်အသစ်တည်ဆောက်ရာမှာ အသုံးပြုဖို့ သယ်ယူစဉ် တွေ့ရှိခဲ့တာပါ။
သက်တမ်း နှစ် ၇၀ ခန့်ရှိ ပရိုးဆင်းတုတော် ၅၁ ဆူ၊ ကြေးဆင်းတုတော် ၃၃ ဆူ၊ ငွေဆင်းတုတော် ၉ ဆူ၊ နဂါးရုံဆင်းတုတော် ၁ ဆူ၊ ရှင်ဥပဂုတ္တပုံတော် ၂ ခု၊ ငွေကျောင်းဆောင် ၁ ခု၊ ငွေပုရပိုက် ၂ ခု၊ ဓာတ်တော်ကြုတ် ၁ ခု၊ ရွှေကြုတ် ၁ ခု၊ ကြေးပြဿဒ် ၃ ခု၊ ကျောက်နီ ၂ လုံး၊ မီးခိုရောင်ကျောက် ၂ လုံး အစရှိတဲ့ အရွယ်အစားမျိုးစုံ ဆင်းတုတော်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment