
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ဖိတ်ကြားမှုအရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ရောက်ရှိနေသော ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt.Gen. ROZZANO D BRIGUEZ AFP ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် စစ်သံမှူး Col.VICENTE MAP BLANCO နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်နှင့် စစ်သမိုင်းပြတိုက်တို့အား လေ့လာခြင်းနှင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား ဖူးမြော်၍ အထင်ကရ နေရာများအား သွားရောက်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment