‘‘၀န်ကြီးချုပ်အနေနဲ့ လူထုနဲ့ ထိတွေ့မှုအားနည်းတယ်။ ရှမ်း ပြည်နယ်အစိုးရအနေနဲ့ လုပ်ငန်း ဆောင်တာတွေ နှောင့်နှေးတယ် ဆိုပြီး ဝေဖန်နေတာတွေကြားရပါ တယ်။ လူထုက အစိုးရအဖွဲ့ကို အားရကျေနပ်မှုမရှိဘူးဆိုပြီး ဝေ ဖန်သံတွေကိုလည်း ကြားရပါ တယ်။ တွေ့ဆုံမှုအားနည်းတယ် ဆိုတာကိုလည်း ကျွန်တော်ဝန်ခံ ပါတယ်’’ ဟု ဒေါက်တာလင်း ထွဋ်က ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့်ပတ် သက်ပြီး အားမလို၊ အားမရဖြစ်ခဲ့ လျှင်လည်း ခွင့်လွှတ်တတ်သည့် မျက်စိဖြင့် ကြည့်ပေးရန် ၎င်းက ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် သည် နယ်မြေဒေသကျယ်ဝန်းသ ဖြင့် ဟန်ချက်ညီညီလုပ်ကိုင်နေရ ပြီး ငြိမ်းချမ်းရေးရရှိရေးသည် အ ထူးအရေးကြီးကြောင်း ဒေါက် တာလင်းထွဋ်က ဆိုသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူပြီး သုံးနှစ်တာသက် တမ်းအတွင်း လူထုလူတန်းစား နေရာဒေသအသီးသီးရှိ တိုင်းရင်း သားပေါင်းစုံနှင့် တွေ့ဆုံမှု ၁၂၆ ကြိမ်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ သတင်းမှတ်တမ်း တွင် ဖော်ပြသည်။
No comments:
Post a Comment