ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာတွင် စာသုံးပိုဒ်ပါရှိပြီး နောက်ဆုံးအပိုဒ်တွင် ဦးသန်းရွှေနှင့်မိသားစုအားလုံးကျန်းမာစွာဖြင့် နှလုံး စိတ်ဝမ်းအေးချမ်းကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သ ထားသည်။
ဇွန်လ ၁၃ ရက်ညတွင် ကွယ်လွန်ခဲ့သူ ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း)၏ နာရေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ကွေ့ကြီးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ ပြီး ဦးသန်းရွှေလည်း တက်ရောက် ခဲ့သည်။
အငြိမ်းစားယူသွားပြီးနောက်ပိုင်း လူမြင်ကွင်းတွင် တွေ့မြင် ရခဲသော အသက်(၈၆)နှစ်အရွယ် ဦးသန်းရွှေသည် ယမန်နေ့က ကွေ့ကြီး သုသာန်သို့ရောက်ရှိစဉ် ကားပေါ်မှအဆင်းတွင် မိသားစု ၀င်တစ်ဦးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က တစ်ဖက်တစ်ချပ် တွဲကူထားသည်ကို လူမှုကွန်ရက် တွင် ထွက်ပေါ်လာသော ဓာတ်ပုံ များ၌ တွေ့ရသည်။
နာရေးသို့ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအ ၀င် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်အချို့တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။ နာရေးတွင် တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတွေ့ရဘဲ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ရှမ်း ပြည်နယ်သို့ ခရီးထွက်နေပြီး ယမန်နေ့ ညနေက တောင်ကြီးကွင်း၌ ကျင်းပသည့် မြန်မာလိဂ် ရှမ်းနှင့်ချင်းလန်းပွဲစဉ်ကို သွား ရောက်ကြည့်ရှုခဲ့သည်။
စစ်တက္ကသိုလ်အမှတ်စဉ် (၂၁)ဆင်း အသက်(၆၃)နှစ်အ ရွယ် ဗိုလ်မှူးချုပ်သိန်းနိုင်(ငြိမ်း) အတွက် ၀မ်းနည်းကြောင်းနာရေး ကြော်ငြာကို ဒုတိယဗိုလ်ချုပ်မှူး ကြီးဟောင်းမောင်အေးနှင့် ဇနီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးတို့ကလည်း နိုင်ငံပိုင်သ တင်းစာများတွင် ထည့်သွင်းဖော် ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပေး ပို့သောစာနှင့်ပတ်သက်၍ လူမှု ကွန်ရက်တွင် ဝေဖန်မှုအချို့ရှိ ခဲ့သော်လည်း ဒေါ်အောင်ဆန်းစု ကြည်သဘောထားကြီးကြောင်း၊တပ်မတော်နှင့် ရင်ကြားစေ့ရေး အတွက် ပေးပို့သည်ဟု မှတ်ချက် ပြုချီးကျူးသူများစွာ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် စစ်အစိုးရ၏ခေါင်းဆောင် တစ်ဦးဖြစ်သော ၂၀၁၅ တွင် ကွယ်လွန်ခဲ့သူ ဗိုလ်မှူးကြီးဟောင်းဦးအောင်သောင်း၏ နာ ရေးသို့လည်း သွားရောက်ခဲ့သလို လွမ်းသူ့ပန်းခြင်းလည်း ပေးပို့ခဲ့ သည်။ ထိုစဉ်ကလည်းဒေါ်အောင် ဆန်းစုကြည်၏ နားလည်ခွင့်လွှတ် ပေးမှုကို ထောက်ခံသူများရှိခဲ့သ လို ဝေဖန်မှုများလည်းရှိခဲ့သည်။
No comments:
Post a Comment