
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကောလင်းမြို့နယ် ဥမှင်ကုန်းကျေးရွာတွင်လင်မယားနှစ်ယောက်စကားများ ရန်ဖြစ်ရာ ဇနီးဖြစ်သူသေဆုံးသွားကြောင်းသိရသည်။ ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲ ခန့်တွင်ကောလင်းမြို့နယ်၊ဥမှင်ကုန်းကျေးရွာနေဦးမြင့်တိုးသည်တစ်တည်းနေ အစ်မဖြစ်သူ ဒေါ်ခင်သက်ချိုမှာ ၎င်း၏နေအိမ်တွင် ဓားဒဏ်ဖြင့်သေဆုံးနေကြောင်း ကြားသိရသဖြင့်သွားရောက်ကြည့်ရှုရာ အစ်မဖြစ်သူဒေါ်ခင်သက်ချိုသည် ၎င်း၏ခင်ပွန်း ဦးမြင့်တိုးနှင့် စကားများရန်ဖြစ်ရာဦးမြင့်တိုးမှအရိုးအသွား ၂၇လက်မခန့်ရှိထင်းခုတ်ဓားမဖြင့်ခုတ်လိုက်ရာဒေါ်ခင်သက်ချိုမှာအခင်းဖြစ်နေရာတွင်သေဆုံးနေကြောင်းတွေ့ရှိရ သဖြင့်ကောလင်းမြို့မရဲစခန်းသို့တိုင်ကြားခဲ့ရာကောလင်း မြို့မရဲစခန်းမှူးဒုရဲမှူးငွေမျိုးမြင့်နီဦးစီးသောရဲတပ်ဖွဲ့မှဇနီးဖြစ်သူ ဒေါ်ခင်သက်ချိုအားဓားဖြင့်ခုတ်သတ်သူ ၎င်း၏ခင် ပွန်းဦးမြင့်တိုးအား ဇွန် ၁၃ ရက် ည ၁၁ နာရီ ၁၅မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
No comments:
Post a Comment