
ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဆိုင်အပြင်ဘက်တွင် Shelly (ရှယ်လီ) အား လမ်းလျှောက်ရန် ထိန်းကျောင်းနေစဉ် လူတစ်စုက ဖမ်းယူကာ တက္ကစီဖြင့် ခိုးယူထွက်ပြေး သွားခဲ့သောကြောင့် ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် သုံးရက်အကြာ ထိုလူအုပ်စုက ဗိုလ်တစ်ထောင်ဘုရားတွင် လာရောက်လွှတ်ခဲ့ခြင်းဖြစ်သည်။
“ရှယ်လီကို သိတဲ့ ညီလေးတစ်ယောက်က ဗိုလ်တစ်ထောင်ဘုရားမှာ တွေ့တယ် ဆက်သွယ်ပြောလာလို့ ချက်ချင်းလိုက်ကြည့်လိုက် အမှန်ဖြစ်နေလို့ ဒီနေ့မှ ဂေါပကတွေနဲ့တွေ့ပြီး ပြန်ခေါ်လာခဲ့ပြီ။ ရှယ်လီက ကျွန်တော်တို့ဆိုင်ကို လာတဲ့ဧည်သည်တွေရဲ့ အချစ်တော်ပါ”ဟု ကိုတေဇယုကြည်က ဆိုသည်။
Shelly (ရှယ်လီ) သည် Sulcata အမျိုးအစား ကမ္ဘာ့တတိယအကြီးဆုံး ကုန်းလိပ်အမျိုးအစားဖြစ်ပြီး ရေကူးတတ်ခြင်းမရှိဘဲ ရေနစ်ပါက သေဆုံးတတ်သည့် ကုန်းလိပ်ဖြစ်သည်။
“လမ်းမှာ လိပ်များတွေ့ခဲ့လို့ ကုန်းလိပ်ဖြစ်နေရင် ရေထဲလွတ်လိုက်တယ်ဆို ကယ်ရာမရောက်ဘဲ သတ်သလိုဖြစ်သွားတယ်ဆိုတာလေး သိစေချင်ပါတယ်”ဟု လိပ်ပိုင်ရှင်ဖြစ်သူက ပြောပြသည်။
Shelly (ရှယ်လီ) ပျောက်ဆုံးသည့် သတင်းသည် ဖေ့ဘွတ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး လူထောင်ချီ မျှဝေခဲ့ပြီးနောက် ပြန်လည်တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။
No comments:
Post a Comment