

ပန်းကနုတ်ဖော်ထားတဲ့မျက်နာကြက်တွေမှာ အစီအရင်တွေပါတာတွေ့ရတယ် မျက်နှာချက်အဝိုင်း ထောင့်လေးထောင့်မှာ နဂါး မနုတ်သီဟခြင်္သေ့ ဒေါင်း ဇာမဏီငှက်ရုပ်များပါဝင်လေသည် မှန်ကူကွက်များဖြင့်ကာရံထားသော်လည်း အလည်တွင် မှန် ချပ်ငယ်များမတွေ့ရှိရတော့ပေ ဂျပန်ခေတ်တုန်း က ညဆိုရင် မီးထိုးလို့မှန်ကွက်ကအလင်းပြန်ရင် သေနတ်တွေနဲ့လှမ်းပစ်တာခံရလို့ ဖြုတ်ပြစ်ကုန်တာ တစ်ခုပဲရှိတော့တယ် ခန်းနေ ဆရာတော်တစ်ပါးက မိန့် ကြားသည်။
ကျောင်းတော်ကြီးပေါ်၌ ကုန်းဘောင် ခေတ် လက်ရာ ဗုဒ္ဓရုပ်ပွားတော်များ ရှေးခေတ် ရွှဲလုံး များ သာသနိကအသုံးအဆောင်ပစ္စည်းများ ရွှေအ စစ်ဖြင့်အနားကွပ်ထားသော ကျမ်းဂန်ပေစာများ နှင့် ရှေးဟောင်းပစ္စည်းမျိုးစုံကိုထိန်းသိမ်းစောက်ရှောက် ထားခြင်းဖြစ်သည်။ အဆိုပါရှေးကျော်တော်ကြီးအာျးနိုင်ငံခြားသားခရီးသွားများ ပြည်တွင်းခရီးသွားများ မကြာခဏလာရောက်လေ့လာကြကြောင်း အောင်း ကုန်းကျေးရွာ ဒေသခံတစ်ဦးကပြောကြားသည်။ နေပြည်တော်သို့အဝင် သာဝတ္ထိမြို့ မြို့ရှောင်လမ်း အတိုင်းသွားနိုင်ပြီး အေလာမြို့ကိုကျော်လျင်း ကား လမ်းအရှေ့ဘက်၌ အောင်းကုန်းကျေးရွာကိုမြင်တွေ့ရ မည်ဖြစ်သည်။
No comments:
Post a Comment