
“လွိုင်ကော်ဘက်ကဆင်းလာတဲ့ ကွန်တိမ်နာခြောက်ဘီးယာဉ်ကို လေးမိုင်စစ်ဆေးရေးဂိတ်နားမှာ မသင်္ကာဖွယ်လိုက်လံဖမ်းဆီးရာက အမှတ် ၃ နယ်မြေစခန်းရှေ့မှာဖမ်းမိခဲ့တာပါ။ ကွင်းဆက်တရားခံကို လိုက်လံစုံစမ်းနေဆဲပါ” ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လွိုင်ကော်-တောင်ငူ ကားလမ်းအတိုင်းအသက် ၃၂ နှစ်အရွယ်ရှိ သန့်ဇင်ကို မောင်းနင်လာသည့် ခြောက်ဘီးကွန်တိန်နာယာဉ်ကို တောင်ငူမြို့အဝင် လေးမိုင်စစ်ဆေးရေး ဂိတ်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေရာမှ တောင်ငူအမှတ်၃ နယ်မြေရဲစခန်းရှေ့၌ ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ပြီး ယာဉ်ပေါ်တွင် ဘိန်းဖြူဟုယူဆရသည့် ဆပ်ပြာခွက် ၁၈၇ဝ ခွက် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၈၇၀၀)၊ ဘိန်းစိမ်းဟုယူဆရသည့် အထုပ် ၃၃ ထုပ် တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၁၄၁၀) တန်ဖိုးငွေကျပ်စုစုပေါင်း (၂၂၇၁၀) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရသိရှိရသည်။
မူးယစ်ဆေးဝါးများများ တင်ဆောင်မောင်းနှင်လာသော ယာဉ်မောင်းသန့်ဇင်ကို ကို တောင်ငူမြို့နယ်အမှတ် ၃ နယ်မြေရဲစခန်းက မယ(ပ) ၄ /၂၀ ၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ် ၁၉(က)/၂၀(က)အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှ သိရသည်။
No comments:
Post a Comment