အလဘုတ်ကျေးရွာနေ ကိုဝဏ္ဏက”လေပြင်းတိုက်လို့ ပျက်စီးတဲ့ အထဲမှာ နေအိမ် ၃ လုံးက အခြေအနေဆိုးတယ်။ ကျန်တဲ့အိမ်တွေက အမိုး၊အကာတွေလန်တာလောက်ပဲ။ ကျန်အိမ် ၃လုံး ကမြေကျသွားတာ။ မိုးတွင်းဘက်ဆိုတော့ လောလောဆယ်ရွာသားတွေ အကူအညီနဲ့ အမိုးလန်တဲ့ အိမ်တွေကို ပြန်ပြင်ပေးနေပြီး ပြိုကျတဲ့အိမ်တွေကိုတော့ ယာယီတဲဆောက်နေ နိုင်အောင်လုပ်ပေးထားတယ်”လို့ပြောပါတယ်။
လေပြင်းတိုက်လို့ ပျက်ဆီးဆုံးရှုံးမှုပမာဏ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၇ သိန်းလောက်ရှိနိုင်ပြီး လေဘေးသင့် အိမ်ထောင်စု ၆ စု၊လူဦးရေ ၃၀ လောက်ရှိမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
No comments:
Post a Comment