အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀တလျှောက် ပထမဆုံး ဥရောပချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ အင်္ဂလန်ကွင်းလယ်လူဟောင်း စတီဖင်ဂျရက်က ဥရောပချန်ပီယံ ဆုဖလားကို အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ဟန်ဒါဆန်က ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဟန်ဒါဆန်ရဲ့ ပေါင်မှာ ရေးထိုးထားတဲ့တက်တူးမှာ ချန်ပီယံဆုဖလားပုံနဲ့အတူ ဗိုလ်လုပွဲကျင်းပခဲ့တဲ့ နေ့ဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်လည်း ပါဝင်ရေးထိုးထားတာဖြစ်ပါတယ်။
No comments:
Post a Comment