
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းရဲ့ အစိတ်အပိုင်းအဖြစ် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်မှု စတင်နေပြီလို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါလင် လို့ ခေါ်တဲ့ ဒါလီ-လင်ကန် ရထားလမ်း စီမံကိန်းရဲ့ အမှတ် (၁၀) အင်ဂျင်နီယာ အုပ်စု ကုမ္ပဏီက လိုဏ်ခေါင်းရဲ့ ၃၇၀၀ မီတာ အရှည်ကို တူးဖော်ပြီးပြီလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းရဲ့ ဒါလီ-လင်ကန် လမ်းပိုင်းဟာ အရှည် ၂၀၂ ကီလိုမီတာ ရှိမှာ ဖြစ်ပြီး တစ်နာရီကို ၁၆၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဖောက်လုပ်မှုတွေကို ၂၀၂၁ ခုနှစ်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားပါတယ်။
၁၀ ကီလိုမီတာကျော် ရှည်တဲ့ ဟောင်ဒူရှန် လိုဏ်ခေါင်းပိုင်း တူးဖော်မှုကို ၂၀၁၆ ခုနှစ် မေလမှာ စတင်ခဲ့ပေမယ့် လိုဏ်ခေါင်းထဲမှာ အဆိပ်ဓာတ်ပါတဲ့ ဓာတ်ငွေတွေ့ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ စီမံကိန်း ပရောဂျက်တွေကို တက္ကသိုလ်၊ အင်စတီကျူးရှင်းတွေ အကူအညီနဲ့ ပြဿနာတွေကို ဖြေရှင်းနေပြီး ဆောက်လုပ်မှုတွေကို တဖြည်းဖြည်း လုပ်ဆောင်သွားမယ်လို့ ကန်ထရိုက်က ပြောပါတယ်။
No comments:
Post a Comment