
သိန်း (၂၀၀) ကျော်ဈေးနှုန်းမှစတင်သော တိုက်ခန်းများပါသည့် အိမ်ရာအရောင်းပြပွဲကို တပ်မတော်ခန်းမတွင် ယနေ့ မှစကာ ၃ရက်တိုင်ကျင်းပမည်ဖြစ်သည်။ (၁)နှစ်မှ (၂၅)နှစ်အထိ အရစ်ကျ ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ရန် ကုမ္ပဏီ (၅၀) ကျော် စုစည်းပြီး တစ်နေရာ ထဲတွင် ပြပွဲကျင်းပကြခြင်းဖြစ်ကြောင်း ပြပွဲတာဝန်ခံက ရှင်းပြသည်။ ပြပွဲအတွင်း ပါဝင်ပြသကြမည့် ဆောက်လုပ်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း များကို ငွေအကျေချေစရာမလိုဘဲ ဘဏ်ချေးငွေဖြင့် ဝယ်ယူနေထိုင်နိုင်သည့်အပြင် အိမ်ရာစီမံကိန်းပေါင်း (၂၀၀) ကျော်ထဲမှလည်း စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည့် အစီအစဉ်များပါ ထည့်သွင်းထားကြောင်း ၎င်းကပြောသည်။
ပြပွဲတွင် လမ်းမတော်၊ လသာ၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင် ၊ ရန်ကင်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ လှိုင်သာယာ ၊ တောင်ဒဂုံ အစရှိသည့် မြို့ နယ်များမှ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ တိုက်ခန်း၊ ကွန်ဒိုများပါဝင်ပါသည်ဟု ၎င်းက ဆက်ပြောသည်။
No comments:
Post a Comment