
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စ အာဆူလာ မြူလာဟာ ဒီနေ့မှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။ မစ္စ အာဆူလာ မြူလာဟာ မလ ၉ ရက်ကနေ ၁၅ရက်အထိ မြန်မာနိုင်ငံ ရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတာတွေကို ကိုယ်တိုင် သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။
မစ္စ မြူလာဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားချင်းဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေကြောင့် ထိခိုက်ခံရတဲ့ သူတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ OCHA ရဲ့ မြန်မာပြည် ဌာနေ လူထုဆက်သွယ်ရေးနဲ့ ပြန်ကြားရေးအရာရှိ နန်စီမက်နယ်လီက ပြောပါတယ်။
No comments:
Post a Comment