စာရေးဆရာမ ဂျူး၏ဝတ္ထု များကို ကြိုက်နှစ်သက်သလို ‘အမှတ်တရ’ သည် ၎င်းအကြိုက်ဆုံး ဝတ္ထုဖြစ်ပြီး ‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’ နှင့် ‘မရှိမဖြစ်မိုး’ ဝတ္ထုများလည်း ကြိုက်ကြောင်း ပိုင်ဖြိုးသုက ပြောသည်။
‘‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကို တက္ကသိုလ် ကျောင်းသူအရွယ်က ဖတ်တုန်းကနားမလည်ဘူး။ ယုမော်ကို အရမ်းမုန်းတယ်။ ဒီအရွယ်ရောက်တော့ ပြန်ဖတ်တော့ ယုမော်ကို နားလည် တယ်။ သက်နှင်းအိမ်ကိုလည်း နားလည်တယ်။ သူတို့နှစ်ယောက် က မာနတွေ ပြိုင်ကြတာ။ သူတို့ ရဲ့ခံယူချက်မတူတာတွေကို နား လည်ပေးလို့ ရသွားတယ်’’ဟု လက်ရှိရိုက်ကူးနေသည့် ရုပ်ရှင် ဇာတ်လမ်းနှင့်ပတ်သက်၍ ၎င်း၏ ခံစားမှုကို ပြောသည်။
ဇာတ်လမ်းတွဲအနေဖြင့် ထုတ်လွှင့်ပြသနေသည့် ‘အချစ်ဖြင့် လွမ်းစေ’ နှင့်ပတ်သက်၍ ပိုင်ဖြိုးသုက ‘‘ချစ်တတ်တဲ့ မိန်းက လေးတွေက မိုးမူကို ကိုယ်ချင်းစာ တာဖြစ်မှာပါ။ မိန်းကလေးတွေက စိတ်လည်း နူးညံ့ကြတယ်။ အ သက်ငယ်တဲ့အချိန်မှာ အချစ်နဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်ကြတယ်။ အဲဒီအခါကျတော့ မိုးမူကို ကိုယ်ချင်းစာပြီး ချစ်ပေးကြတာ လို့ ထင်ပါတယ်’’ဟု ပိုင်ဖြိုးသုက ပြောသည်။
ရုပ်ရှင်ရိုက်ကူးရာတွင် လူ ငယ်ဆန်ဆန် ဇာတ်ရုပ်နှင့်ရိုက် ကူးသည့် ဇာတ်ကားနည်းသော ကြောင့် ယင်းဇာတ်ကားမျိုးရိုက် ကူးရန် ခင်ပွန်း ဒါရိုက်တာဏကြီး က ဇာတ်လမ်းရေးနေကြောင်း ပိုင်ဖြိုးသုက ပြောသည်။ ‘‘ကိုယ့်ဆိုရင် ပညာအရမ်း တတ်ရင်တတ်၊ မဟုတ်ရင် အတ္တ ကြီးတဲ့မိန်းမပုံစံလုပ်ရတာ များ တယ်။ သုမျက်နှာမြင်ရင် ပရိသတ်က ဒီမိန်းမမျက်နှာမြင်ရင် စိတ်ညစ်ရတယ်လို့ ဖြစ်လာမှာကြောက် တယ်လို့။ လူငယ်ဆန်ဆန် ရိုက် ချင်တယ်ပြောတော့ သူ့ဇာတ်လမ်း ရှိတယ်ဆိုပြီး ဇာတ်လမ်းအကျဉ်း လေးပေးတာ။ ပေါ့ပေါ့ပါးပါး ဇာတ်ဆိုပြီး သူ့ဇာတ်လမ်းဖတ်ပြီး ငိုလိုက်ရတယ်’’ဟု ခင်ပွန်းရေး သားပေးထားသည့် ဇာတ်ကားအ ကြောင်းကို ပိုင်ဖြိုးသုက ပြော သည်။
No comments:
Post a Comment