လာလီဂါချန်ပီယံဆုနှစ်ဆု ဆက်တိုက်ရရှိခဲ့သော်လည်း ချန် ပီယံလိဂ်တွင် ယမန်နှစ်ကလည်း ၎င်း၏အသင်း ရိုးမားကိုကွာတား ဖိုင်နယ်၌ ဦးဆောင်နေပြီးမှ ထွက် ခဲ့ရသဖြင့် ဗယ်လ်ဗာဒီအနေဖြင့် ဝေဖန်မှုများ မုချကြုံတွေ့မည်ဖြစ် သည်။
သို့သော် ယခုအချိန်သည် ဗယ်လ်ဗာဒီ၏ အနာဂတ်ကိုဆွေး နွေးရမည့်အချိန်မဟုတ်ဟု ဘာ တိုမြူက ပြောကြားသည်။ ဘာစီ လိုနာသည် မေလ ၂၅ ရက်တွင် ဗလင်စီယာနှင့် ကိုပါဒယ်ရေး ဗိုလ်လုပွဲကစားရန်ရှိပြီး နောက် ထပ်ဖလားတစ်လုံး ရရှိနိုင်သည်။
‘‘ချန်ပီယံလိဂ်က ထွက်ခဲ့ရ လို့ အခုအချိန်မှာ ကျွန်တော်တို့အ ရမ်းကို ပူလောင်နေပါတယ်။ ကို ပါဒယ်ရေးဗိုလ်လုပွဲရှိသေးလို့ ကျွန်တော်တို့ လောလောဆယ် စိတ်ဓာတ်ကိုမြှင့်ထားရပါမယ်’’ ဟု ဘာကာဥက္ကဋ္ဌက ပြောကြား သည်။
‘‘ဒါဟာလူတိုင်း ခက်ခဲတဲ့ နေ့ရက်တွေပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့ ပြန်ပြီးနိုးထကြရပါ မယ်’’ ဟု ဘာတိုမြူကပြောကြား ပြီး ချန်ပီယံလိဂ်ရှုံးပွဲနှင့်ပတ်သက် ၍ ပြန်လည်သုံးသပ်ကာရှင်းပြမည့် အချိန်ရှိလာမည်ဟုပြောသည်။ ‘‘ပြီးခဲ့တဲ့နှစ်က ရောမမှာ ဒီ လိုပဲဖြစ်ခဲ့တယ်။ ရှင်းပြဖို့ခက်ပါ တယ်။ ကျွန်တော်တို့အတွင်းပိုင်း မှာပဲ ပြန်သုံးသပ်သွားပါမယ်။ အ ခုအချိန်မှာတော့ ကိုပါဒယ်ရေး ကစားဖို့ စိတ်ဓာတ်မြှင့်ပြီး ပရိ သတ်တွေကို တောင်းပန်ရမယ့် အချိန်ပါ’’ ဟု ဘာတိုမြူက ပြော သည်။
No comments:
Post a Comment