
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၀ ရက် (ယနေ့) နံနက် ၇ နာရီက သူမ၏ ဖခင် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်းဒေသကြီး နတ်မောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နတ်မောက်မြို့ တွင် တည်ဆောက် ပြီးစီးထားသည့် ဆေးရုံသစ်အား ဖွင့်လှစ်ရန် ရောက်ရှိနေခြင်းဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံး ကျောင်းနေခဲ့သည့် ဒီပင်္ကရာကျောင်းတိုက်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း ၊ ထို့နောက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment