ဇန်နဝါရီလ နှောင်းပိုင်းက အာရှဖလားကွာတားဖိုင်နယ်တွင် အီရန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက် စာချုပ်သက်တမ်းမတိုးရန် ရွေးချယ်ခဲ့သော လစ်ပီသည် တရုတ်အသင်းကို ၂၀၂၂ကာတာ ကမ္ဘာ့ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။
တရုတ်အသင်းသည် ၂၀၀၂ ကမ္ဘာ့ဖလားတစ်ကြိမ်သာ ပါဝင် ကစားခွင့်ရဖူးပြီး ယင်းအချိန်က တစ်ဂိုးမျှ မသွင်းနိုင်ဘဲရမှတ်သုည ဖြင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရ သည်။
‘‘တရုတ်အမျိုးသား လက် ရွေးစင်အသင်းကို လစ်ပီကိုင် တွယ်ပြီးနောက်ပိုင်း ကစားသမား တွေက အပြုသဘောဆောင်ပြီး ဇွဲရှိရှိနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပြသ ထားပါတယ်’’ ဟု တရုတ်ဘော လုံးအဖွဲ့ချုပ် (CFA) က ပြော သည်။
‘‘လစ်ပီရဲ့ဦးဆောင်မှုနဲ့အ တူ လာမယ့်နေ့ရက်တွေမှာ တရုတ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်တွေကို အ ပြည့်အဝသက်ရောက်မှု ဖော် ဆောင်ပါလိမ့်မယ်’’ ဟု CFA က ထပ်လောင်းပြောကြားသည်။
တရုတ်သည် ကမ္ဘာ့ဘောလုံး အဆင့်တွင် လူဦးရေ ၅၅၀,၀၀၀ သာရှိသော ကိပ်ဗာဒီအသင်း ထက် တစ်ဆင့်အသာ အဆင့် (၇၄) ၌ ရပ်တည်နေသည်။
သို့သော် ဘောလုံးပရိသတ် တစ်ဦးဖြစ်သော တရုတ်သမ္မတ စီကျင်းပင်သည် ကမ္ဘာ့ဖလားပြိုင် ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်း ပနိုင်ရန် ရည်မှန်းနေသည်။
No comments:
Post a Comment