
ယခုနစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတပ်နယ်နှင့် မကွေးတပ်နယ်မှ တပ်မတော်သားများက နန်းမြို့တွင်းရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် မကွေးမြို့ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းဝင်းအတွင်းရှိအမှိုက်များကိုရှင်းလင်းခြင်း၊ ကျောင်းဆောင်များနှင့်စာသင်ခန်းများရှိ ဖုန်နှင့်အမှိုက်များကို ရှင်းလင်းသုတ်သင်ခြင်း၊ စာသင်ခုံများ သန့်ရှင်းရေးပြုလုပ်ပြီး စနစ်တကျနေရာချထားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
No comments:
Post a Comment