
ထို့နောက် ဦးအောင်ပါ လေးဦးတို့က ဝိုင်းဝန်းထိုးကြိတ်ပြီး အရိုး/အသွား ၁ ပေခန့်ရှိ ဓားပြားဖြင့် ရိုက်သဖြင့် ၎င်းတွင် မျက်နှာ/ဝမ်းဗိုက်ညိုမဲ နာကျင်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။
ဆက်လက်၍ အဆိုပါလူလေးဦးက ၎င်းအား ပစ္စတိုသေနတ်အတု(ကော်စေ့ဖြင့်ပစ်ခတ်ရသည့် ပစ္စတိုပုံစံ ကစားစရာသေနတ်)ဖြင့် ချိန်ရွယ်၍ အဆိုပါ မော်တော်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လည်ခေါ်ဆောင် လာခဲ့ကာ နေအိမ်တစ်ခုလုံးအား မွှေနှောက်ရှာဖွေနေစဉ် လှည့်ကင်းဆောင်ရွက်နေသည့် လမိုင်းနယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်းအဖွဲ့မှ တွေ့ရှိဖမ်းဆီးရာ ဦးအောင်၊ စောလှိုင်(၄၆)နှစ်နှင့် စိုးလင်း(၃၆)နှစ်တို့ သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး အညို(၃၅)နှစ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
စစ်စေးချက်အရ ၎င်းတို့သည် အွန်လိုင်းစုမဲငွေလုပ်ကိုင်သူ လမိုင်းမြို့ (၂)ရပ်ကွက်နေ မခိုင်ယဉ်မွန် (ခ)မိကျဲလာ(၃၂)နှစ်ထံမှ တစ်ဦးလျှင် စုမဲငွေကျပ် သိန်း၁၀၀မှ သိန်း၁၂၀ ခန့် ရရန်ရှိကြောင်း၊ မခိုင်ယဉ်မွန်(ခ)မိကျဲလာက အဆိုပါ စုမဲငွေများအား မပေးချေသေးဘဲ ၎င်း၏ငွေများအား ခင်မင်ရင်းနှီးသူ ဦးဖေစန်းထံ အပ်နှံထားကြောင်း သတင်းကြားသဖြင့် သွားရောက်ပြီး ထိုးကြိတ်/ရိုက်နှက်၍ တောင်းခံခဲ့ကြောင်း၊ ဓားပြားမှာ ဦးအောင်၏ပစ္စည်းဖြစ်ပြီး ပစ္စတိုသေနတ် အတုနှင့် လက်ထိပ်မှာ စောလှိုင်၏ ပစ္စည်းဖြစ်ကြောင်း၊ Surf ယာဉ်မှာ စိုးလင်း၏ယာဉ်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်မှ ဦးအောင်၊ စောလှိုင်၊ စိုးလင်း(ဖမ်းမိ)နှင့် အညို(ဖမ်းမမိ)တို့ လေးဦးအား လမိုင်းနယ်မြေရဲစခန်းက (ပ)၉၁/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၄၅၂/၃၄၂/၃၂၃ /၃၈၅/ ၅၀၆(နာကျင်စေရန်/မတရားတားဆီးစေရန် ပြင်ဆင်၍ အိမ် ကျော်နင်းမှု၊ မတရားချုပ်နှောင်မှု၊ သာမန်နာကျင်စေမှု၊ ခြောက်လှန့်တောင်းယူမှု၊ ခြိမ်းခြောက်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment