
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေလ ၂၅ ရက်နေ့လည် ၁ နာရီ ၃၀မိနစ်အချိန် အောင်မြင်မြင့်မိုရ် ဆေးရုံရှေ့၌ Express ကား နှင့် ၁၂ ဘီးကုန်ကားတို့မျက်နှာချင်းဆိုင်တိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မှ ပြည်ဘက်သို့ မောင်းနှင်လာသောHI/----------Express ကား နှင့် ကြို့ပင်ကောက် မြို့ထဲမှ မောင်းနှင်လာသော 7K/------ ကုန်ကားတို့မျက်နှာချင်းဆိုင်တိုက်မိ၍ Expressကားပေါ်မှ စပါယ်ယာမှာ ကားထဲညပ်သေဆုံးနေကြောင်း အနီးဝန်းကျင် ဒေသခံများထံမှ သိရှိရသည်။
`Express ကားကြီးက ဘရိတ်ပေါက်ပြီး တစ်ဘက်ယာဉ်ကျောက လာတဲ့ ၁၂ဘီးကားကို မျက်နှာချင်းဆိုင် တိုက်တာ Express ကားထဲမှစပါယ်ယာကတော့ ကားထဲမှာညပ်ပြီးသေဆုံးသွားတယ်´ဟုယာဉ်တိုက်မှုဖြစ်ပွားရာအနီး ကွမ်းယာဆိုင်မှ ဦးဝင်းမှ ပြောကြားသည်။
Express ကားထဲမှ ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၄င်းတို့ အား အလင်းသစ္စာ ပရဟိတ အဖွဲ့၊ မြတ်မွန်စေတနာ ကလျာဏမိတ္တနာကူအသင်းတို့မှ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
No comments:
Post a Comment