
ပြင်ဦးလွင်မြို့သည် တောင်ပေါ်ဒေသတွင် မြို့တည်ထားခြင်းကြောင့် မြင့်ရာမှ နိမ့်ရာသို့ ရေများ အစဉ်အမြဲ စီးဆင်းနေသဖြင့် ရေ၀ပ်ခြင်း၊ ရေအိုင်ခြင်း၊ ရေမြုပ်ခြင်း မရှိသလောက် ရှားပါးရာဒေသဖြစ်ပြီး မြို့၏ အဓိကရေကန်ဖြစ်သည့် ကန်တော်ကြီးမှ စီးဆင်းလာသော ရေများသည် ကန်တော်လေးအတွင်းသို့ ထပ်မံရောက်ရှိရာ နေရာဖြစ်ခြင်းကြောင့် ရေကန်အတွင်းရှိ အမှိုက်များ၊ နွံများအား ဖယ်ရှား ရှင်းလင်းခြင်း၊ ရေကန်ဘောင် တစ်လျှောက်ရှိ အမှိုက်မျိုးစုံနှင့် ချုံ နွယ်၊ မြက်ပင်များကိုရှင်းလင်းခြင်း၊ ရေဆင်းမြောင်း ပိတ်ဆို့မှု များကို စုပေါင်းအင်အားဖြင့် သန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment