ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ် ကွက်ရှိ နေအိမ်တစ်အိမ်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ရာ ငွေကျပ် ၁၇ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က မေ ၂၄ ရက်က သတင်းထုတ်ပြန်သည်။ေ မ ၂၂ ရက် ညပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သတင်းအရ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက် ဗိုလ်မြင့်အောင်လမ်း၌ နေထိုင်သည့် ကိုမြင့်သူ အသက် (၃၀) မောင်း နှင်သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေခဲ့ရှာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ် ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၁၆၃ ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် ၎င်း၏နေအိမ်တွင် မူးယစ် ဆေးဝါးများကျန်ရှိနေသေးကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့်ဆက်လက်ရှာဖွေရာ နေအိမ် နောက်ခန်းရှိ စက္ကူဘူးအတွင်းမှ စိတ်ကြွဆေးပြား ၇၄ ပြား၊ အိုက်စ်အလေးချိန် ၁၇ ဂရမ်၊ ဆေး ခြောက်ဘလောက်တုံး အလေးချိန် ၃၀ ဒသမ ၃၃ ဂရမ် စုစုပေါင်း ကျပ် ၁၇သိန်းကျော်ဖိုးနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ကိုမြင့်သူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။
အလားတူ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက် ဘုမ္မာ ၁၃ လမ်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူကိုမတွေ့ ရဘဲ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် တွင် နေထိုင်သည့် ကိုချိုညီညီ(ခ)ဖိုးချို (၂၅) နှစ်ခန့်ကိုတွေ့ရပြီး ငွေကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ စိတ်ြွကဆေးပြား ၁၁၀ဝ၊ အိုက်စ်ဂရမ် ၄၀ နှင့် ဆေးခြောက်၆၇ ဂရမ်ခန့်သိမ်းဆည်း ရမိခဲ့သဖြင့် ကိုချိုညီညီ(ခ)ဖိုးချိုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားသည်။
No comments:
Post a Comment