သာသနာ့ဒါယကာ ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင်မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲအကြို ကုသိုလ်ပြုအစီအစဉ်အဖြစ် မနေ့ကမနက်ပိုင်းက မြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာကျင်းပခဲ့ပါတယ်။ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို မြန်မာ တော်ဝင်အနွယ်တော်များအစည်းအရုံးကဦးဆောင်ပြီး မေလ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး မနေ့ကမနက်ပိုင်းက မြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာ သံဃာတော် ၁၀၈ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ညနေပိုင်းမှာ စန္ဒာမုနိဘုရားအရှေ့မုခ်မှာ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ဒီနေ့ညနေပိုင်းမှာလည်း နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော် အပါး ၁၆၀ ကို သုဓမ္မာဇရပ်တန်းရှေ့မှာ ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း စာပေဟောပြောပွဲတွေ ဈေးရောင်း ပွဲတွေ စာအုပ်အရောင်းဆိုင်တွေ ပန်းချီဓာတ်ပုံပြပွဲတွေ ရိုးရာအကအလှတွေနဲ့ စည်ကားစွာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစီအစဉ်မှာတော့ တပ်မတော်ကြည်းရေလေမိသားစုကငွေကျပ်သိန်း ၁၀၀ လှူဒါန်းပေးအပ်ခဲ့ပါတယ်။
No comments:
Post a Comment