ယင်း Pay Par View Chan-nel သည် ဗီဒီယိုခွေများထက် ကြည့်ရှုရသည်မှာ ပိုတန်ပြီး အသံအပြည့်နှင့် ရုပ်ရှင်ကြည့်ရှုနေ သည့်အတိုင်း ခံစားရမည်ဟု ၎င်း က ဆိုသည်။
‘‘ကုန်ကျစရိတ်အားဖြင့် လည်း ဗီဒီယိုထက်ပိုပြီး အားထည့်ထားတာဖြစ်တဲ့အတွက် အနုပ ညာကို ကောင်းကောင်းမွန်မွန်နဲ့ အများကြီးဖော်ပြနိုင်တယ်။ ကျွန် တော်လုပ်ချင်တဲ့အနုပညာပိုင်းကို သေသေသပ်သပ်လုပ်ပြီး ပရိ သတ်ကျေကျေနပ်နပ်ဖြစ်အောင် ချပြနိုင်တယ်’’ဟု မင်းရာဇာက ပြောသည်။
သရုပ်ဆောင် ဖြစ်သော ကြောင့် ကာရိုက်တာမျိုးစုံ ရိုက် ကူးဖြစ်သော်လည်း မြန်မာနိုင်ငံ ၏သယံဇာတ၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်များကို ကမ္ဘာက သိအောင် ရိုက်ပြချင်ကြောင်း ၎င်း က ပြောသည်။
‘‘ကျွန်တော် ဒီလောကမှာ ဝါသနာပါလွန်းလို့ ရပ်တည်နေ တယ်။ ဒီအလုပ်က ကျွန်တော်တို့ ရဲ့စီးပွားရေးဖြစ်သလို အသက် သွေးကြောဆိုလည်း မမှားပါဘူး။ ကျွန်တော်တာဝန်ကျေအောင် အလုပ်လုပ်တယ်။ အလေးထား တယ်။ တန်ဖိုးထားတယ်’’ ဟု မင်းရာဇာက ပြောသည်။
၎င်းပါဝင်သရုပ်ဆောင်ထား သည့် Line Walker 2 ရုပ်ရှင်ဇာတ် ကားသည် စပိန်၌ ရိုက်ကူးပြီး ယခုအခါ ကားဆက်နေပြီဖြစ်ကာ ယင်းကားတွင် ပါဝင်ခွင့်ရသဖြင့် အမှတ်တရဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘ကျွန်တော်တို့မှာ ရှိတဲ့ အ ရည်အချင်း၊ ကျွန်တော်တို့လုပ်နိုင် တဲ့အင်အား၊ ကျွန်တော်တို့ဘယ် လောက်လုပ်နိုင်တယ်။ ဒီနိုင်ငံက သရုပ်ဆောင်တွေ ဘယ်လောက် ထိ လုပ်ပြတတ်တယ်ဆိုတဲ့ အရာ တစ်ခုကို ဂဃနဏကြီး ချမပြနိုင် သေးသရွေ့ သူတို့ပေးတဲ့ နေရာ တစ်ခုကို ကိုယ်တွေက သရုပ် ဆောင်ခွင့်ရခဲ့တာပဲရှိတယ်။ ကိုယ်တွေရဲ့လုပ်ပိုင်ခွင့် ဘာမှ မရှိခဲ့ ဘူး။ အဲဒီတော့ အမှတ်တရတစ် ခုအနေနဲ့တော့ ကျန်ခဲ့ပါတယ်’’ဟု မင်းရာဇာက ပြောသည်။
No comments:
Post a Comment