၂၀၁၅ မှ ၂၀၁၉ အတွင်း သုံးကြိမ်မြောက်အဖြစ် မွန်ပြည် နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ဖြင့် အောင်ချက်အများဆုံးရရှိခဲ့ သည်။
ချင်းပြည်နယ်တွင် အောင် ချက်ရာခိုင်နှုန်း ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းသာရှိပြီး တစ်နိုင်ငံလုံး၌ အောင်ချက်အနိမ့်ဆုံးဖြစ်သည်။
ချင်းပြည်နယ်သည် နှစ်စဉ် အောင်ချက် အနိမ့်ဆုံးဖြစ်သော် လည်း ၂၀၁၇ တွင် ရခိုင်ပြည်နယ် က ချင်းပြည်နယ်ထက် အောင် ချက်နိမ့်ကျခဲ့သည်။
၂၀၁၈ နှင့် ၂၀၁၉ တွင် ရခိုင်ပြည်နယ်က အောင်ချက်ပြန် တက်လာပြီး ယခုနှစ်တွင် ရာခိုင် နှုန်း ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရရှိ ထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၇ ရက် သန်းခေါင်ကျော် ညဥ့် ၁၂ နာရီခန့်ကစ၍ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင် ထုတ်ပြန်ပြီး ဇွန်လ ၈ ရက် နံနက် ၅ နာရီတွင် ပညာရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ် ဆိုက်တွင် ကြည့်ရှုနိုင်ရန် စီစဉ် ပေးခဲ့သည်။
အောင်စာရင်းကို ဇွန်လ ၈ ရက် နံနက် ၆ နာရီတွင်ကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသော်လည်း ဇွန်လ ၇ ရက် ညနေကတည်းက ပေါက် ကြားမှုများရှိခြင်းကြောင့် ဝေဖန်မှု များ ထွက်ပေါ်ခဲ့သည်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အ ထိ ကျင်းပပြီး ဖြေဆိုသူ ၈၅၁,၅၂၄ ဦး ရှိခဲ့သည်။
No comments:
Post a Comment