
မြဝတီမြို့ သင်္က္န်းညီနောင်အဖွဲ့စုံစစ်ဆေးရေး ဂိတ်တွင် တာဝန်ကျရဲအရာရှိ ရဲအုပ် နိုင်မျိုးအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည့် ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း ဦးမျိုးနွယ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-DD/---- နံပါတ်တပ် STAREX ဟွန်ဒိုင်း (ခဲရောင်) ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အမိုးပေါ်တွင် ဗုဒ္ဓဝင်ပြခန်းအရုပ်များပါ ပီနံအိတ် ၁၀ လုံးဖြင့် ထည့်ထားသည့် အလျား နှစ်ပေ လေးလက်မ၊ အနံ သုံး ပေ နှစ်လက်မခန့်ရှိ ကျွန်း၊ ပျဉ်းမ၊ ပိန္နဲသား များဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဝင်ပြခန်းရုပ် ကြွများပါ ၁၀ ချပ်၊ အလျားတစ်ပေ အနံကိုးလက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ရုပ်ကြွများပါ ၂၆ ချပ်တို့အား ရှာဖွေတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား ကြောင်း သိရသည်။ ထို့နောက် ယာဉ်မောင်းဦးမျိုးနွယ်အား မေးမြန်းစစ်ဆေးရာ မြဝတီမြို့တွင် ရောက် နှင့်နေသူ ဦတင်အောင်ထံ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောပြသိရှိရသောကြောင့် ဦးတင်အောင်အား ခေါ်ယူမေးမြန်းခဲ့ရာ ゞင်းက အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ် ကျေးရွာတစ်ခုမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါပန်းပု အနုလက်ရာများမှာ ရှေးဟောင်းပစ္စည်းများဟု ယူဆရသော ပစ္စည်းများဖြစ်ပြီးသယ်ဆောင်မောင်းနှင်လာသူ ယာဉ်မောင်း ဦးမျိုးနွယ် (၅၃) နှစ် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ နှင့် ပိုင်ရှင်ဆိုသူ ဦးတင်အောင် (၆၂) နှစ် လက်ပံကျေးရွာ ရမ်းဗြဲမြို့ ရခိုင်ပြည်နယ်နေ သူတို့အား သင်္က္န်းညီနောင်နယ်မြေရဲစခန်းမှ (ပ) ၈၂/၂၀၁၉၊ ၂၀၁၅ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇/၁၈ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment