
နှစ်စဉ်ကျင်းပနေကျ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်အတွင်း ပူတင်က အမေရိကန်အစိုးရသည် ゞင်း၏ တရားစီရင်ပိုင်ခွင့်ကို ကမ္ဘာအနှံ့သို့ ပျံ့နှံ့စေရန်ကြိုးပမ်းနေသည်ဟု နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်တို့၏ ရှေ့မှောက်၌ စွပ်စွဲ ပြောကြားခဲ့သည်။
ထို့ပြင် ပူတင်သည် ကုန်သွယ်ရေး စစ်ပွဲများနှင့် ပိတ်ဆို့အရေးယူမှုများအား ရှုတ်ချရင်း ကမ္ဘာ့ကုန်သွယ်ရေးထဲမှ အမေရိကန် ဒေါ်လာ၏ အခန်းကဏ္ဍဍအား ပြန်လည်စဉ်းစားကြရန် ဆော်သြကာ တရုတ်နှင့် ရုရှား အပေါ်ကျရောက်နေသည့် အမေရိကန်၏ ဖိအားကိုလည်း ပြင်းထန်စွာ ပြစ်တင်ခဲ့သည်။
ပူတင်သည် Nord Stream 2 တည်ဆောက်ရေးကို ပိတ်ပင်ရန် အမေရိကန်၏ ကြိုးပမ်းမှု၊ တရုတ်နည်းပညာလုပ်ငန်းကြီး Huawei အပေါ် အမေရိကန်၏ ဖိအားများကိုလည်း ထောက်ပြပြောကြားခဲ့သည်။ Nord Stream 2 ဆိုသည်မှာ ယူကရိန်းကို ရှောင်ပြီး ရုရှားမှ ဂျာမနီထံ ဆက်သွယ်ထားသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသစ်ကြီး ဖြစ်သည်။ “သူတို့ဟာ (Huawei ကို) ဖျစ်ညှစ်နေရုံသာမကဘဲ ဗြုန်းစားကြီး ကမ္ဘာဈေးကွက်ထဲကနေ ထွက်သွားရအောင် လုပ်နေကြတာပါ” ဟု ပူတင်က ဆိုသည်။
ရုရှားအား အဓိကမိတ်ဖက်တစ်နိုင်ငံ အနေနှင့် ရှီက ညွှန်ပြရင်း မျှတမှုနှင့် အချင်း ချင်းလေးစားမှုရှိခြင်းကို အခြေခံကာ ဖော်ရွေသည့် နိုင်ငံများနှင့် အကျိုးစီးပွား ဖြစ်ထွန်းသည့် ပူးပေါင်းမှုများ လုပ်ဆောင်ရန် တရုတ်က မျှော်လင့်နေကြောင်းလည်း ရှီကဆိုခဲ့သည်။
“တရုတ်ဟာ နည်းပညာတီထွင်မှုတွေ ကို မိတ်ဖက်တွေအားလုံးထံ မျှဝေဖို့ အသင့်ပါ။ အထူးသဖြင့် 5G နည်းပညာကိုပေါ့” ဟု ရှီက ပြောကြားသွားခဲ့သည်။
■ နွေးထွေးသည့် ပုဂ္ဂိုလ်ရေးဆက်ဆံမှု
ရှီသည် ဇွန် ၅ ရက်က ゞင်း၏ သုံးရက် ကြာရုရှားခရီးစဉ်အတွက် မော်စကိုသို့ ရောက်ရှိလာခဲ့သည်။ ကရင်မလင်တွင် ပူတင်နှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့စဉ်က လည်း ရှီက ပူတင်အား ゞင်း၏ ‘အရင်းနှီးဆုံး မိတ်ဆွေ’ ဟု ပြောခဲ့သည်။
ဇွန် ၇ ရက်က ဖိုရမ်တွင်လည်း ခေါင်းဆောင်နှစ်ဦးသည် ゞင်းတို့၏ နွေးထွေးသော ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို ပြောကြားခဲ့ပြီး ရှီကမူ တစ်နေ့က စိန့်ပီတာစဘတ်ရှိ နီဗာမြစ်ထဲတွင် လှေစီးခဲ့ပုံကို အသေးစိတ်ပြန် ပြောပြခဲ့ သည်။
ရှီ၏ ယခုရုရှားခရီးစဉ်အတွင်း အီလက်ထရွန်နစ်၊ ဆက်သွယ်ရေး၊ ဓာတ်ငွေ့ အပါအဝင် နယ်ပယ်များစွာ၌ ဒါဇင်နှင့်ချီသော စီးပွားရေးသဘောတူညီချက်များကို ရေးထိုးနိုင်ခဲ့သည်။ စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ ပထမဆုံးအကြိမ်တက်ရောက်လာသည့် ရှီသည် ゞင်းနှင့်အတူ လူ ၁၀ဝ၀ ပါသည့် ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာသည်။
No comments:
Post a Comment