
၂၀၁၉ ခုနှစ်အတွက် King of Durian ပြပွဲတွင် ပြည့်စုံကောင်းမွန်သော အရွယ်အစားနှင့် ပုံသဏ္ဌာန်ရှိသော ထိုဒူးရင်းသီးအား ရောင်းချခဲ့ရာ ယခင်နှစ်စံချိန်ဈေးနှုန်း ဖြစ်သော ဘတ် ၈၀ဝ,ဝ၀ဝ ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။ အနီနှင့် ရွှေရောင် ကတ္တီပါခေါင်းအုံးပေါ်တွင် ဒူးရင်းသီးများအားတင်လျက် မော်ဒယ်များက ပြသခဲ့ကြသည့် ထိုလေလံပွဲတွင် ဒူးရင်းသီး ၉ လုံးကို လေလံတင်ခဲ့သည်။ ဈေးနှုန်း ဘတ် ၃၀ဝ,ဝ၀ဝ ကျော်စီ တန်ဖိုးရှိသော ထိုဒူးရင်းသီးများသည် Monthong, Kanyao နှင့် Kop Med Tao မျိုးစိတ်များ ဖြစ်ကြသည်။
စံချိန်တင် ဘတ် ၁.၅ သန်း ဖြင့် လေလံ အောင်ခဲ့သည့် ထိုဒူးရင်းသီးအား စိုက်ပျိုးခဲ့သော Pa Toi Lung Mu ခြံပိုင်ရှင် မာလီဝမ်ဟန်ချိုင်ထိုင်းက ထိုဒူးရင်းသီးသည် ထူးရှယ်ဖြစ်သည်ကို သိထားသော်လည်း ယခုဈေးနှုန်း ကြောင့် အလွန်အမင်း အံ့အားသင့်မိကြောင်း၊ ဈေးနှုန်း ဘတ် ၁ သန်းသာ ရရှိမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
လေလံဆွဲဝယ်ယူခဲ့သူသည် ထိုဒူးရင်းသီးအား နှစ်ခြိုက်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယင်းသည် ကမ္ဘာတွင် အရသာအရှိ ဆုံးမျိုးဖြစ်ပြီး ဆက်လက်စိုက်ပျိုးသွားမည်ဖြစ် ကြောင်း ゞင်းက ပြောကြားခဲ့သည်။ ထိုင်းတွင် ဒူးရင်းသီးတစ်လုံးဈေးနှုန်းသည် ဘတ် ၅၀ဝ ဝန်းကျင်သာရှိသော်လည်း ထိုခြံမှ ဒူးရင်းသီးများ၏ ဈေးနှုန်းသည် ဘတ် ၂၀ဝ၀ဝ မှ စတင်သည်။
ထိုလေလံပွဲမှ စုစုပေါင်းရရှိသော ဘတ် ၄.၅ သန်းကို လယ်သမားများထံ ခွဲဝေပေးပြီး တစ်ချို့တစ်ဝက်ကို ဆေးရုံများအတွက် ဆေးဘက်သုံးကိရိယာများ ဝယ်ယူရန် ဒေသဆိုင်ရာ ပရဟိတအဖွဲ့များထံ လှူဒါန်းမည်ဖြစ် သည်။ ဘန်ကောက်မြောက်ဘက် ၆၅ ကီလိုမီ တာခန့်အကွာ နွန်ထာဘူရီဒေသထွက် Kanyao ဒူးရင်းသီးအမျိုးအစားသည် ゞင်း၏ ချိုမွှေးသော အရသာနှင့် ပျစ်သောအသားကြောင့် ကမ္ဘာတွင် အကောင်းဆုံးဟု ယူဆခံရသည်။
No comments:
Post a Comment