မေသက်ထားဆွေသည် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေး ပွဲကို ဒဂုံ(၁)ကျောင်းမှ ဖြေဆိုခဲ့ပြီး မြန်မာစာစာစီစာကုံး ဖြေဆိုရာတွင် ၂၀၁၆ က ၎င်းနှင့် ပရိသတ်များ စုပေါင်းလှူဒါန်းသည့် စန္ဒကိန္နရီရွှေဆံပင်တံတားအကြောင်း ဖြေဆိုခဲ့သည်ဟု ၎င်းက ပြောသည်။ ‘‘စာမေးပွဲမှာ ကိုယ်မမေ့နိုင် တဲ့ အကြောင်းအရာတစ်ခုဆိုပြီး ခေါင်းစဉ်ကို Choice လုပ်ခိုင်း တော့ အဲဒီခေါင်းစဉ်ကို ရွေးပြီး တံတားလှူတာကလည်း ကိုယ် မမေ့နိုင်တဲ့ အရာတစ်ခု၊ သူ့ရဲ့ အကျိုးကျေးဇူးတွေကြောင့် ပြည် သူတွေ ဘယ်လိုဖြစ်သွားတယ်ဆို တာ ရေးခဲ့တာပါ’’ဟု မေသက် ထားဆွေက ပြောသည်။
ဆရာဝန်ဖြစ်ရန် ရည်မှန်း သော်လည်း လက်ရှိတွင် အမှတ် စာရင်းအပေါ် မူတည်၍ ပညာရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တက္ကသိုလ် ဝင်တန်း တက်ရောက်သောကြောင့် အနုပညာအလုပ်များ လက်ခံမှုလျော့သော်လည်း ယခုနှစ်တွင် စာမေးပွဲအောင်မြင်၍ ဂီတပိုင်းကို ပို၍ လုပ်ဆောင်နိုင်မည်ဟုထင် ကြောင်း ၎င်းက ဆိုသည်။ ၎င်းကို အားပေးသည့် ပရိ သတ်များကို ‘‘သမီးကို အောင်စာရင်းထွက်တဲ့အချိန်မှာ ဂုဏ်ပြုပေးတဲ့အတွက်ရော၊ အားပေးတဲ့အ တွက်ရော ကျေးဇူးတင်ပါတယ်’’ ဟု ပြောသည်။ ၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဂစ်တာနိုင်ဇော်၏ သမီး လည်း ခြောက်ဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ပြီး လူငယ်အဆို ရှင် မေလသံစဉ်လည်း စာမေးပွဲအောင်မြင်ကြောင်း ၎င်းတို့၏လူမှု ကွန်ရက်စာမျက်နှာ၌ ရေးသား ထားသည်။
No comments:
Post a Comment