
ကိုးကားမြောက် Fast & Furious ဇာတ်ကားတွင်နပန်းသမားဂျွန်စီးနာပါဝင်သရုပ် ဆောင်မည့်အကြောင်းနှင့် ပတ် သက်၍ ယင်းဇာတ်ကား၏ ပင် တိုင်မင်းသားဗန်ဒီဇယ်က ဧပြီအ တွင်း အင်စတာဂရမ်တွင် နောက် ပြောင်ခဲ့ပြီး ယခုအခါ Universal ကုမ္ပဏီက ဂျွန်စီးနာပါဝင်မည်ဖြစ် ကြောင်း တရားဝင်ကြေညာ သည်။ ကမ္ဘာကျော်နပန်းသမား သရုပ်ဆောင်စီးနာ၏ ဇာတ်ရုပ်ကို စီစဉ်နေဆဲဖြစ်ပြီး လောလော ဆယ်သတင်းများအရ ၎င်းသည် အကျင့်မကောင်းသူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
နာမည်ကျော်နပန်းသမား ဘ၀မှ နာမည်ကြီးသရုပ်ဆောင် ဖြစ်လာသူ ဒ၀ိန်းဂျွန်ဆင်သည် Fast & Furious 9 တွင်ပါဝင်မည် မဟုတ်ပေ။
ယင်းဇာတ်ကားအတွက် ဂျပ်စတင်လင်း၏ ၀တ္ထုကိုဒန် ကေစီက ဇာတ်ညွှန်းရေးသား နေပြီး ၂၀၂၀ မေလ ၂၂ ရက် တွင် ထွက်ရှိမည့် ဇာတ်ကားကို ယခုလကုန်ပိုင်းတွင် စတင်ရိုက် ကူးမည်ဖြစ်သည်။ ယင်းဇာတ် ကားကို ဗန်ဒီဇယ်က ထုတ်လုပ် မည်ဖြစ် သည်။
No comments:
Post a Comment