‘‘အွန်လိုင်းပေါ်ကနေ ဖိတ် ခေါ်ပြီး လုပ်တဲ့ပွဲဖြစ်တာတောင် စိတ်ဝင်တစားရှိတဲ့ မြို့ခံတွေက ကိုယ့်အသိနဲ့ကိုယ်အများကြီးပါ ၀င်လာတာ။ နောက်ပြီး လမ်းခု လတ်ကနေဖြတ်ပြီး ဆန္ဒပြပွဲမှာ ပါတဲ့သူတွေလည်းအများကြီးပဲ’’ ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင် သည့် ထားဝယ်မြို့ခံကိုဝေဖြိုးက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲဦးဆောင်စီ စဉ်သူ ကိုဇေလင်းဦးက ‘‘အဓိက ကဗစ်တိုးရီးယားအမှုတစ်ခုတည်း မဟုတ်ဘူး။ ထားဝယ်မှာလည်း လတ်တလောက သက်ငယ်မု ဒိမ်းမှု တစ်ခုဖြစ်သွားသေးတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း ကလေးမိဘတစ်ဦးဖြစ်တော့ ကလေးအားလုံးအတွက် ရည် ရွယ်ပြီးလုပ်ဖြစ်တာပါ’’ ဟု ရှင်း ပြသည်။ နိုင်ငံတော်သမ္မတရုံးစိုက်ရာ နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုနှင့် ပတ်သက် ၍ တရားမျှတမှုရှိရေး၊ အမှုမှန် မှန်ပေါ်ပေါက်ရေးအတွက် ရန် ကုန်၊ မန္တလေးအပါအ၀င်တစ် နိုင်ငံလုံးရှိ မြို့ကြီးများတွင် ပြည် သူလူထုက ဦးဆောင်ကာ ဆန္ဒ ထုတ်ဖော်မှုများပြုလုပ်လျက်ရှိ သည်။
No comments:
Post a Comment