Pages
Thursday, July 11, 2019
မန္တလေးမြို့တွင် ကျူးကျော်ရှင်းလင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်တွင် ကျူးကျော်ရှင်းလင်းရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယနေ့(ဇူလိုင်၁၁)တွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ခြမ်းရှိ ကျူးကျော်နေထိုင်သွားကို ဖယ်ရှားရှင်းလင်းရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဲဖြင့်အထုခံရက ရဲတပ်ဖွဲ့ဝင် (၃)ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါနေရာတွင် နှစ်ဖက် တင်းမာနေဆဲဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment