နိုင်ငံခြားဘဏ်ရွေးချယ်ရေး အဖွဲ့က ပြည်တွင်း၌ ဖွင့်လှစ်ထား သော နိုင်ငံတကာအကြံပေးကုမ္ပဏီရှစ်ခုထံ မေလ ၂၃ ရက်က အဆိုပြုချက်တောင်းခံလွှာများ ပေးပို့ခဲ့သည်။ လက်ရှိတွင် အကြံပေး ကုမ္ပဏီလေးခုက ဇွန်လ ၂၄ ရက် တွင် စိတ်ဝင်စားမှုအဆိုပြုလွှာများ ပြန်လည်ပေးပို့ခဲ့သည်။
ပြည်တွင်း၌ ဖွင့်လှစ်ထား သော ရိုလန်ဘာဂျာကုမ္ပဏီ၊ Deloitte Touche Myanmar Vigour Advisory Limited, Pricewaterhouse Coopers (PWC) Myanmar Co.,Ltd နှင့် EY UTW Advisory Limited တို့က စိတ်ဝင်စားမှုအဆိုပြုလွှာများ တုံ့ ပြန်ပေးပို့ခဲ့သည်ဟု နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။
နိုင်ငံခြားဘဏ်များ ဖွင့်လှစ် ခွင့်ပြုရေး ကြားခံနိုင်ငံခြားအကြံ ပေးကုမ္ပဏီငှားရမ်းခြင်းသည် ဘက်လိုက်ရွေးချယ်မှု၊ လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းစေနိုင် ကြောင်း နေပြည်တော်စည်ပင် သာယာဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦး က ပြောသည်။ မြန်မာနိုင်ငံတွင် တတိယအ ကြိမ် နိုင်ငံခြားဘဏ်များ ဖွင့်လှစ် ခွင့်ပြုမည့်အစီအစဉ်ကို ၂၀၁၈ နှစ်ကုန်က စတင်ပြီး ဗဟိုဘဏ်ခေါင်းဆောင်များက အသိပေးခဲ့သည်။ ၂၀၁၉ အတွင်း နိုင်ငံ ခြားဘဏ်များ ထပ်မံခွင့်ပြုရန်ရှိပြီးခွင့်ပြုထားသည့် နိုင်ငံခြားဘဏ် များသည် ရန်ကုန်မှလွဲ၍ မည် သည့်နေရာမျှ ဘဏ်ခွဲထပ်မံဖွင့် လှစ်ခွင့်မရှိဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြား သည်။
No comments:
Post a Comment