Pages
Thursday, July 11, 2019
ဗစ်တိုးရီးယားအမှု တရားမျှတမှု ရရှိစေဖို့ ရည်ရွယ်တဲ့ စုပေါင်းပန်းချီဆွဲပွဲ
We are the world, We are the Children ခေါင်းစဉ်နဲ့ စုပေါင်းပန်းချီဆွဲပွဲကို အင်းစိန်မြို့နယ်၊ မင်္ဂလာလမ်းမှာရှိတဲ့ Artissmile Art House မှာ ဒီနေ့ ကျင်းပခဲ့တာပါ။ သမီးငယ်လေး ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှုအနေနဲ့ ဒီပန်းချီဆွဲပွဲကို ကျင်းပခဲ့တာပါ။ ပန်းချီဆရာ ၂၀ ခန့်က ဒီစုပေါင်းပန်းချီဆွဲပွဲမှာ ပါဝင်ရေးဆွဲပေးခဲ့ကြတာ တွေ့ရပါတယ်။ ပန်းချီဆရာအများစုက ဗစ်တိုးရီးယားလေးနဲ့ သက်ဆိုင်တဲ့ ကလေးပုံတွေကို ရေးဆွဲခဲ့ကြတာလည်း တွေ့ရပါတယ်။ နေပြည်တော်က မူကြိုကျောင်းတစ်ခုမှာ အဓမ္မပြုကျင့်ခံရတဲ့ ဗစိတိုရီးယားလေးအမှုမှာ အမှုန်ပေါ်ပေါက်စေဖို့ တရားမျှတမှု ရရှိစေဖို့အတွက် မြို့ကြီးတော်တော်များများမှာ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment