Pages
Thursday, July 11, 2019
တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူရန် ဝက်စ်ဟမ်း ကြိုးပမ်း
ဝက်စ်ဟမ်းအသင်းဟာ အီတလီတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၂၈ နှစ်ရှိ ဘာလော့တယ်လီဟာ မနှစ်က ပြင်သစ်ကလပ် မာဆေးအသင်းမှာ တနှစ်စာချုပ်နဲ့ ပါဝင်ကစားပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေတာပါ။ ဘာလော့တယ်လီဟာ မာဆေးအသင်းမှာ စုစုပေါင်း ၁၂ ပွဲကစားခဲ့ပြီး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး အာနော်တိုဗစ်ကို တရုတ်ကလပ် ရှန်ဟိုင်းအသင်းဆီ ရောင်းချလိုက်တဲ့အတွက် တိုက်စစ်မှူးတဦး လိုအပ်နေတာပါ။ ဘုန်းမောက်က ဝီလ်ဆင်၊ ဆယ်လ်တာဗီဂို တိုက်စစ်မှူး မက်ဆီဂိုမက်ဇ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘာလော့တယ်လီကို ပစ်မှတ်ထားလာတာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဘာလော့တယ်လီဟာ မန်စီးတီး၊ လီဗာပူးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ် ၄ ရာသီအတွင်းမှာ ပွဲစဉ် ၇၀ ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment