

ထိုင်းနယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၃၃၄ က မြန်မာနိုင်ငံကနေ ထိုင်းနယ်မြေအတွင်း စိတ်ကြွဆေးအမြောက်အများ သယ်ဆောင်လာနေပြီဆိုတာ ကြိုတင်သတင်းရတာကြောင့် နယ်ခြားဝင်ပေါက်လမ်းတွေကနေစောင့်ကြည့် နေကြတာဖြစ်ပါတယ်။
မြန်မာဘက် တောလမ်းကနေ က စိတ်ကြွဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင် (၁၀) ဦးခန့် ကို ထိုင်းရဲတပ်ဖွဲ့ က စစ်ဆေးရန် ရပ်ခိုင်းတဲ့အချိန်မှာ မူးယစ်ဂိုဏ်းက စတင် ပစ်ခတ်ခဲ့တာလို့  သိရပါတယ်။
၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ဖြစ်ပွားခဲ့ကြပြီး မူးယစ်ဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့  ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့  အခင်ဖြစ်ပွားတဲ့နေရာကို ရှင်းလင်းတဲ့အခါမှာ ရာဘ စိတ်ကြွဆေး (၅)သန်းထည့်လာတဲ့ ကျောပိုးအိပ် ၄၂လုံး အပြင် ရေခဲမူးယစ်ဆေး ၁၀ ကီလို ၊ ကေတမင်း ၁၀ ကီလို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ထိုင်းဘက်က ဒဏ်ရာရသူမရှိကြောင်းနဲ့  လက်နက်ကိုင်မူးယစ်ဂိုဏ်းဝင်တွေ တချို့ ဒဏ်ရာရသွားတဲ့ သွေးကွက်တွေတွေ့ ရပေမယ့် ဒဏ်ရာရသူတွေကို ဂိုဏ်းဝင်တွေက သယ်ယူဆုတ်ခွာသွားခဲ့ကြတယ်လို့  အမှတ်၃၃၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။
No comments:
Post a Comment