
အဲဒီအခါမှာ မော်တော်ယာဉ်ပေါ်မှာ ပါလာသူတွေအနက် ၂ ဦးက ထွက်ပြေးသွားကြပြီး၊ စိုင်းခမ်းကျော်(၃၈ နှစ်)နဲ့ စိုင်းလှရွှေ(၁၉ နှစ်)တို့ကိုသာ တွေ့ရှိရပါတယ်။ အဲဒီတွေ့ရှိသူတွေကို ထိန်းသိမ်းထားပြီး မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှာတော့ မော်တော်ယာဉ်ရဲ့ အင်ဂျင်ခန်း၊ ရှေ့လေကာမှန်ကြီးအောက်၊ အင်ဂျင်နောက် ကာဘာ အံဝှက်အတွင်းနဲ့၊ ယာဉ်နောက်ခန်း ညာဖက်ထိုင်ခုံကျောမှီဆိုဖာထဲမှာ သိုဝှက်သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရှိဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ Austria နိုင်ငံထုတ် GLOCK ပစ္စတို သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၆ ခု၊ အီတလီနိုင်ငံထုတ် CHIAPPA.M.Four .22 သေနတ်အရှည် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ စနိုက်ပါ မှန်ပြောင်း ၂ ခု၊ ပွိုင့် ၂၂ ကျည် ၇၅၀ တောင့်၊ ပွိုင့် ၂၂ သေနတ်အတို ကျည်အိမ် ၂ ခု၊ သေနတ်နဲ့ စနိုက်ပါ မှန်ပြောင်းချိတ်ဆက်တဲ့ သံကွင်း ၄ ခု၊ ကျည်အိမ်ထည့် ကော်စွတ် ၁ ခု၊ စနိုက်ပါ ဖြုတ်/တပ်တဲ့ L Key အသေးလေး ၁ ခုနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြစ်ကြပါတယ်။
ဒါနဲ့ ယာဉ်ပေါ်မှာကျန်ရစ်နေသူတွေကို စစ်ဆေးမေးမြန်းရာမှာတော့ ထွက်ပြေးသွားကြသူတွေဟာ အိုက်ဝင်းဆိုသူနဲ့ အိုက်စိုင်းဆိုသူတို့ဖြစ်ကြောင်း၊ သူတို့ဟာ မူဆယ်မြို့မှာနေတဲ့ အိုက်ဖေဆိုသူက ချိတ်ဆက်ပေးခဲ့တာကြောင့် ထွက်ပြေးသွားတဲ့ ယာဉ်မောင်းဖြစ်သူ အိုက်ဝင်းနဲ့ ခင်မင်ခဲ့ကြောင်း၊ ဒါကြောင့် မူဆယ်ကိုသွားဖို့ မန်ကတ်ရွာနားကနေ ကားကြုံလိုက်ပါစီးနင်လာရာမှာ ခုလိုဖမ်းဆီးခံရတာဖြစ်ကြောင်း ကနဦးသိရပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကို စစ်ဆေးသုတေသနလုပ်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းဆီကို လွှဲပြောင်းပေးခဲ့ပြီး၊ စိုင်းခမ်းကျော်နဲ့ စိုင်းလှရွှေတို့ကိုတော့ လားရှိုးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၉၊ လက်နက်(ယာယီ)ပြင်ဆင်ချက်ဥပဒေပုဒ်မ ၁၉-ကနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ လားရှိုးမြို့မရဲစခန်းကသိရပါတယ်။
No comments:
Post a Comment