
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက မြောက်ကိုရီးယားမှာ မိုးခေါင်မှုအပါအ၀င် အသေးစားသဘာဝဘေးအန္တရာယ်တွေကျရောက်ခဲ့မယ်ဆိုရင် နဂိုထဲကမှ နည်းပါးလျော့ ကျနေတဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ ဆိုးဝါးသွားစေနိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း WFP က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအတွင်း “လျော်ကန်တဲ့ လူသား ချင်းဆိုင်ရာအထောက်အကူတွေကို အမြန်ဆုံးမပေးဘူးဆိုရင် မေလကနေ စက်တင်ဘာလအတွင်းမှာ အခြေ အနေတွေ ပိုမိုဆိုးဝါးလာမှာပါ”လို့ ပါရှိခဲ့ပါတယ်။
၂၀၁၇ခုနှစ်တုန်းကတော့ တောင်ကိုရီးယားအစိုးရကနေ မြောက်ကိုရီးယားပြည်သူတွေအတွက် အမေ ရိကန်ဒေါ်လာ(၄.၅)သန်းတန်ဖိုးရှိတဲ့ အာဟာရပြည့်အစားအသောက်တွေကို WFP ကတစ်ဆင့် ပေးပို့ကူညီဖို့ ကြိုးစားခဲ့သေးပေမယ့် အဲဒီနှစ်အတွင် မြောက်ကိုရီးယားအစိုးရက နျူကလီးယားစမ်းသပ်မှုပြုလုပ်ခဲ့တာကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။။ လက်ရှိချိန်မှာလည်း သမ္မတအိမ်ပြာတော်ရဲ့ထုတ်ပြန်ချက်အရ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ မိမိတို့ဘက်ကနေ မြောက်ကိုရီးယားကို ကူညီပေးမယ်အပေါ် ထောက်ခံအားပေးနေ တယ်လို့ သိရပါတယ်။
No comments:
Post a Comment