
ရဟတ်ယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးတစ်ဦးတည်းသာလိုက်ပါလာခဲ့ကြောင်း ၊ ၄င်းမှာ လွတ်မြောက်သွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း နှင့် ဒဏ်ရာအနည်းငယ်သာ ရရှိသွားကြောင်း နယူးယောက်မြို့ မီးသတ်ဌာန(FDNY)၏ ပြောကြားချက်အရ သိရသည်။
မြေပြင်ပေါ်ရှိ ရဟတ်ယာဉ်ကွင်းမှ အမှုထမ်းတစ်ဦးလည်း ရဟတ်ယာဉ်အပိုင်းအစများ ထိခိုက်ခဲ့မှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း FDNY က ဆိုသည်။
မြစ်ထဲသို့ ချော်ကျသွားသော ရဟတ်ယာဉ်မှာ ရဟတ်ယာဉ်များတွင်အကောင်းဆုံးဟု မကြာခဏပြောကြားလေ့ရှိကြသည့် နယူးယောက်မြို့ အခြေစိုက် Blade ဒီဂျစ်တယ်စွမ်းအင် လေကြောင်းပျံသန်းရေးကုမ္ပဏီမှ ပိုင်ဆိုင်သော Bell206 ရဟတ်ယာဉ်တစ်စင်းဖြစ်ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ အလျင်အမြန်သွားရောက်ခဲ့ကြောင်း နှင့် အာဏာပိုင်များက အချင်းဖြစ်ဧရိယာအတွင်းမှ မော်တော်ယာဉ်သွားလာမှု နှင့် လူများဖြတ်သန်းသွားလာမှု မပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။
No comments:
Post a Comment