
“အစကတည်းကလည်း သုသုနဲ့ ကိုဏကြီးတို့ တိုင်ပင်ထားတာက ကျန်းမာရေးချို့တဲ့နေတဲ့ ဝါရင့်ဇာတ်ပို့ပညာရှင်ကြီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တစ်ခုအနေနဲ့ လှူဒါန်းသွားမယ်လို့ ဆုံးဖြတ်ထားတာပါ။ တကယ်ချီးမြှင့်ခံရပြီးတဲ့အခါ မူလဆုံးဖြတ်ထားတဲ့အတိုင်းပဲ ကျန်းမာရေး ထိခိုက် ခံစားနေရပြီး နာတာရှည်ဝေဒနာရှင်တွေ ဖြစ်ကြတဲ့ ဘဘဦးမန်းဝင်း၊ ဦးပေါ်လေး၊ ဦးဝင်းနိုင်၊ ဦးဧရာ၊ မကြီးကစ်ကစ်၊ မနွယ်နီတို့ကို ဆုရရှိတဲ့ငွေတွေအားလုံး ခွဲဝေလှူဒါန်းခဲ့တာပါ။ ငယ်စဉ်ကတည်းက သူတို့သရုပ်ဆောင်တာတွေကိုကြည့်ပြီး ပျော်ရွှင်ရယ်မောခဲ့ကြရတယ်။ အခုသူတို့တွေ ကျန်းမာရေးတွေ ထိခိုက်နေကြတာကိုမြင်ရတော့ စိတ်လည်းမကောင်းဘူး။ အခုလိုတတ်နိုင်သလောက်လေး စောင့်ရှောက်ခွင့် ကူညီခွင့်ရတဲ့ အတွက်လည်း ဝမ်းသာရတယ်” ဟု သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက ဆိုသည်။
ပြည်သူ့အကယ်ဒမီဆုအဖြစ် ပရိသတ်များစုပေါင်းကာ ရုပ်ရှင်လောကအတွင်း ဖန် တီးမှုအသစ်များအဖြစ် ပရိသတ်များ အသိအမှတ်ပြုစေခဲ့သည့် ‘ဥပါယ်တံမျဉ်’ နှင့် ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကားများ ရိုက်ကူးသူ ဒါ ရိုက်တာခရစ်(စ်)တီးနားခီနှင့် သရုပ်ဆောင် ဇဏ်ခီ၊ ‘မီ’ ဇာတ်ကားအား ဖန်တီးသူ ဒါရိုက်တာဏကြီးနှင့် အကယ်ဒမီပိုင်ဖြိုးသုတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။
No comments:
Post a Comment