
"အိမ်တစ်အိမ်မှာ လင်ဖြစ်ဖြစ်။ သားဖြစ်ဖြစ်။ ဒီအရက်တွေ သောက်စားပြီး မူးရူးနေရင် အိမ်ထောင်ရှင်မတွေ စိတ် ဆင်းရဲရတယ်။ အဲ့လိုပဲ အိမ်ထောင်ရေး စီးပွားရေး လူမှုရေးတွေလည်း ထိခိုက်ရတယ်။ အခု ကမ်းထောင်းကြီးမှာ ဆိုရင်လည်း အကုန်လုံးလိုလို အရက်ရဲ့ လွမ်းမိုးတာကို ခံနေရတယ်။ ဒါကြောင့် ဒီအရက်ကို ပိတ်သိမ်းပေးဖို့ ဆန္ဒပြတာပါ" ဟု ဒေါ်နုသန်းရီက နိရဉ္စရာ သတင်းဌာသို့ ပြောသည်။
ဆန္ဒဖော်ထုတ်သူ အမျိုးသမီးများသည် အရက်ပိတ်သိမ်း ရေး တို့အရေး စသည့် ပိုစတာများ ကြွေးကြော်သံများဖြင့် ကမ်းထောင်းကြီးရွာသစ်မှ မြို့တစ်ပတ် လှည့်လည် ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်ဟုသိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးရှိ လူငယ်များကို အရက်နှင့် မူးယစ်ဆေးဝါး လွမ်းမိုးမှုဒဏ်က ကင်းဝေးစေချင် သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒေါ်နုကြည်ကလည်း နိရဉ္စရာသို့ ပြောသည်။
"တိုင်းရေးပြည်ရေးလည်း မငြိမ်းမချမ်းဖြစ်နေတဲ့ အချိန်ကာလမှာ တစ်စုံတစ်ရာဖြစ်လာခဲ့ရင် သားတွေ လင်တွေအားကိုးဖို့ လိုက်ရှာရမယ်။ အဲ့ဒီအခါ သားတွေလင်တွေ အကုန်လုံးက အရက်ဆိုင်မှာ သောက်စားမူးရူးနေရင် ဘယ်လိုလုပ်မလဲ။ သူတို့မူးနေရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ ဒါကြောင့် ဒီအရက်ကို ပိတ်သိမ်းပေးဖို့ ကျွန်မတို့တောင်းဆိုပါတယ်"ဟု ဒေါ် နုကြည်က ပြောသည်။ ဆန္ဒဖော်ထုတ်ပွဲကို ၁၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
No comments:
Post a Comment