
"မနေ့ကဖြစ်တာပါ။ အင်းစိန်လမ်းမပေါ်မှာဖြစ်တာ။ ယာဉ်ထိန်းရဲ၆ဦးလဲပွန်းပဲ့ဒဏ်ရာလောက်ပဲရရှိသွားပါတယ်။ လူသေဆုံးမှုလဲမရှိပါဘူး။ ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာကနေထွက်ပြေးသွားတယ်။လောလောဆယ်တော့ သူ့ကိုသိပါပြီ။ လိုက်လံဖမ်းဆီးနေတယ်"လို့ အမှတ်၂ယာဉ်ထိန်းတပ်ဖွဲ့ရုံး ဒုရဲမှူးကြီးသိန်းဦးကပြောပါတယ်။
အဲဒီ ယာဉ်ထိန်းရဲ၆ဦးဟာထိခိုက်ဒဏ်ရာပြင်းထန်စွာမရရှိကြပေမယ့် ဆေးရုံကိုပို့ပြီး လိုအပ်တာတွေကုသပေးခဲ့ပါတယ်လို့လဲ အမှတ်၂ယာဉ်ထိန်းတပ်ဖွဲ့ရုံး ကပြောပါတယ်။
လက်ရှိမှာယာဉ်မဆင်မခြင်မောင်းနှင်တဲ့YBS၂၁ယာဉ်မောင်းကို အင်းစိန်မြို့မ ရဲစခန်းမှာယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ပေါ့လျော့မှုကြောင့်ပြင်းထန်/ သာမန်နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနကလဲ သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment