
“ မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ၂ ဒဿမ ၅၁၂ သန်းအထိ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှမေလ ၃ ရက်နေ့အထိ ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၅၃ သန်းထိ တိုးတက်လာခဲ့ကာ နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်လာနေတာကိုတွေ့ရှိရပါတယ်။ နှစ်နိုင်ငံနယ်စပ်အားစနစ်တကျတိုင်းတာသက်မှတ်ပြီးမှသာ နယ်စပ်ဂိတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအားဖွင့်လှစ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာ-ထိုင်းကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးများနှင့် မြန်မာ-ထိုင်းပူးတွဲကော်မရှင်အစည်းအဝေးများတွင် လည်းကောင်း၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံရာတွင်လည်းကောင်း ၄င်းကိစ္စကို နှစ်ဘက်ညှိနှိုင်းနေပါတယ်’’ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးအောင်ထူးက ပြောသည်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးယာယီအထူးဂိတ်စခန်းဖြစ်သောမောတောင်စခန်းသည် မြန်မာ-ထိုင်း နှစ်နိုင်ငံစာချုပ်တွင် ပါဝင်သေးခြင်းမရှိသေးကြောင်း သိရသည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ပရာချွတ်ပရိခယန်ခရိုင်၊ စင်ခွန်းကျေးရွာတွင်တည်ရှိပြီး နိုင်ငံတော်သမ္မတရုံးမှအတည်ပြုခွင့်ပြုပေးသည့် မြေနေရာ ၃၁ ဒသမ ၅၆ ဧကပေါ်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးဝန်ထမ်း၂၈ ဦးဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
No comments:
Post a Comment