Pages
Thursday, May 16, 2019
သာပေါင်းမြို့နယ်အတွင်းအောင်သိဒ္ဓိစေတီတော်တည်ထားကိုးကွယ်ရန်ထူးအယ်လင်းနှင့်မြင့်မြတ်တို့မတည်ငွေလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ် ၊သစ်ဖြူကျေးရွာအုပ်စု၊လှေတော်ကျေးရွာ ကျောက်တောင်ကြီးပေါ်၌တည်ထားကိုးကွယ်မည့် အောင်သိဒ္ဓိစေတီတော်တည်ထားကိုးကွယ်ရန် အဆိုတော် ထူးအယ်လင်းက ငွေကျပ်သိန်း ၃၀ နှင့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်အကယ်ဒမီ မြင့်မြတ် က ငွေကျပ်သိန်း ၅၀တို့ကို မတည်ငွေအဖြစ် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါအောင်သိဒ္ဓိစေတီတော်ကို ၃၁ ဘုံသားများအတွက်ရည်စူး၍ ၃၁ တောင်ပြည့် တည်ထားကိုယ်ကွယ်သွားမည်ဖြစ်သောကြောင့် အဆိုတော်ထူးအယ်လင်းက ကြီးမှူး၍ အလှူငွေများကောက်ခံလျက်ရှိကြောင်းလည်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment