
တရားဥပဒေနဲ့ စည်းကမ်းတွေကိုဆိုးဆိုးရွားရွားချိုးဖောက်ခဲ့လို့ သာနာချိုင်းကို အလုပ်ထုတ်လိုက်ပြီလို့ အင်္ဂါနေ့မှာ စာပို့ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ရဲစုံစမ်းမှုတွေမှာ အပြည့်အ၀ပူးပေါင်းပါဝင်သွားမယ်လို့လည်း ပြောထားပါတယ်။
လူကုန်ကူးဖြစ်စဉ်တွေရဲ့ဆိုးရွားမှုတွေကို ထိုင်းစာတိုက်ကုမ္ပဏီက သိရှိထားပါတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ကန်ချာနာဘူရီမှာ မြန်မာနယ်စပ်ရောက်နေတဲ့ရွှေ့ပြောင်းအခြေချသူတွေကို ခေါ်ပြီး ဆောင်ခလာခရိုင်ကို ပို့ပေးဖို့ သူ့ကို ပိုက်ဆံပေးခဲ့တယ်တယ်လို့ သာနာချိုင်က ၀န်ခံတယ်ဆိုပြီး ဒေသရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။
ဘယ်သူ့ဆီပို့ပေးရမယ်ဆိုတာတော့ မသိဘူးလို့ ပြောပါတယ်။
လူတစ်ယောက်ကိုပို့ဖို့ ဘတ် ၁၅၀၀ ရတယ်လို့လည်း ရဲတွေကို သာနာချိုင်ကပြောပါတယ်။
သူ့ရဲ့စာပို့ဗင်ကားဟာ အရာရှိတွေသတိမထားမိလောက်ဘူးလို့ ထင်ခဲ့တယ်လို့လည်း သာနာချိုင်ကပြောပါတယ်။
နိုင်ငံထဲတရားမ၀င်ဝင်ရောက်မှုကို ကူညီတယ်ဆိုတဲ့စွပ်စွဲချက်နဲ့သာနာချိုင်ကို တရားစွဲထားပြီး တကယ်လို့ သက်သေထပ်ရရင် လူကုန်ကူးမှုနဲ့ တရားစွဲမယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေကပြောပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက ထိုင်းစစ်အစိုးရက အိမ်နီးချင်းနိုင်ငံတွေမှာ သားကောင်တွေကို ကျွန်လုပ်သားတွေအဖြစ် ရောင်းစားနေတဲ့ လူကုန်ကူးသူတွေကို ဖြိုခွင်းနေပေမဲ့ ထိုင်းတောင်ပိုင်းက သေမင်းစခန်းတွေက အဲဒီအားထုတ်မှုတွေကို အနှောင့်အယှက်ဖြစ်နေပါတယ်။
No comments:
Post a Comment